MT News

ပြင်ဦးလွင်မြို့နယ် စည်ကားကျေးရွာတွင် စက်တင်ဘာ ၁၈ ရက် နေ့လည် ၁၂ နာရီခန့်အချိန်တွင် မိသားစုလိုက် ငါးလောင်းပြိုင်သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့ပြီး တရားခံဖမ်းဆီးရမိမှုမရှိသေးကြောင်း ကနဦးသတင်းများအရသိရသည်။

လူသတ်မှုဖြစ်စဥ်နှင့် ပတ်သက်၍ ကနဦးတွင် လေးလောင်းပြိုင်သတ်ဖြတ်မှုဖြစ်ပြီး ဆေးရုံတွင် တစ်ဦးထပ်မံသေဆုံးကာ ငါးလောင်းပြိုင်သတ်ဖြတ်ခံရမှုဖြစ်ကြောင်း ပြင်ဦးလွင်နာရေးကူညီမှုအသင်းမှ သိရသည်။

”လူသတ်တရားခံကတော့ မဖမ်းမိသေးပါဘူး။ တာဝန်ရှိသူတွေစစ်ဆေးနေဆဲပါ” ဟု ပြင်ဦးလွင်နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News ၏ မေးမြန်းမှုကို ဖြေကြားသည်။

သတ်ဖြတ်ခံရသူများမှာ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်နှစ်ဦးဖြစ်ကြောင်း ကူညီခဲ့သည့် တုသိတာလူမှုကူညီရေးအသင်းက ဖော်ပြထားပြီး ဆက်လက်သိရှိရသည်များကို ထပ်မံဖော်ပြပေးသွားမည်ဖြစ်သည်။

ဓာတ်ပုံ- တုသိတာလူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *

Related News