၃၁. ၁၀. ၂၀၂၃
Written By Thandar

MRTV-4 ပရိသတ်အားပေးမှု ရရှိလာတဲ့ သရုပ်ဆောင် ဟန်နီစုစံကတော့ ပန်းထောင်ချောက် ဇာတ်လမ်းတွဲမှာ ဖြူနုနေရာကနေ ပါဝင်ချိန် နှိပ်စက်ခံရတဲ့အခန်းတွေမှာ မီးပူနဲ့ ကပ်ခံရတာမျိုး ဆံပင်ဆွဲခံရတဲ့ အခန်းတွေဆို တကယ်ဆွဲခံရတာတွေရှိတယ်လို့ ဆိုပါတယ်။

“ပန်းထောင်ချောက် ကားထဲမှာ တစ်ကောင်ကြွက် ဖြူနု ကာရိုက်တာပီပြင်အောင် ရုပ်ဆိုးပြီး လုံးဝ စုတ်ပြတ်နေတဲ့ ပုံစံပါဝင်ထားတယ်။ ကာရိုက်တာအပေါ် စီးမျှောရင်းလူက ဝိတ်ပါကျသွားတယ်။ အလှအပနဲ့ ပတ်သက်တာလည်း မပါဘူးဆိုတော့ လုံးဝ ရုပ်ဆိုးပြီးတော့ လုံးဝစုတ်ပြတ်ပြီး သနားစရာကောင်းတဲ့ပုံစံက အများကြီး ပြင်ဆင်ခဲ့တာပါ။ ဖြူနုနေရာက နှိပ်စက်ခံရတဲ့အခန်းတွေမှာ မီးပူနဲ့ ကပ်ခံရတာမျိုး ဆံပင်ဆွဲခံရတဲ့ အခန်းတွေဆို တကယ်ဆွဲခံရတာတွေရှိတယ်။ သဏ္ဌာန်လုပ်သရုပ်တူဆိုတော့ တကယ်ထိမိသွားတဲ့အခန်းတွေလည်း ရှိပါတယ် ”လို့ သရုပ်ဆောင် ဟန်နီစုစံ MTNews Entertainment ကို ပြောပါတယ် ။

This image has an empty alt attribute; its file name is photo_2023-10-31_13-28-17-768x1024.jpg

ဒီ Horror Thriller ဇာတ်လမ်းတွဲကတော့ ကျော်ကျော်ထွန်းနဲ့ လင်းထက်အောင်တို့ရဲ့ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းလည်း ဖြစ်ပြီး ဒါရိုက်တာ ပြည်သစ်နိုင်က အဆောင်တစ်ခုမှာ သရုပ်ဆောင် ရှင်မွေလ၊ မင်းဘုန်းမြတ်၊ မာန်ဟိန်း၊ သုတအောင်၊ လပြည့်၊ စောမင်းယျာ၊ ဇွန်ဝေယံ၊ သက်ဦးကို၊ Lucas၊ ဝေလျှံအောင်၊ အကယ်ဒမီ မြတ်ကေသီအောင်၊ ဟန်နီစုစံ၊ ခိုင်သဇင်ငုဝါ၊ မေမြတ်နိုးသွယ် တိုနဲ့ အတူ သရုပ်ဆောင်များစွာနဲ့ ပုံဖော် ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။

“ဒီကား ရိုက်ချိန် မမကေ(ခ) မြတ်ကေသီအောင်ဆီက ပညာတွေအများကြီး ရပါတယ်။ ဒီအဆောင်ကြီးက တကယ်မရှိဘဲ Green Screen နဲ့ ရိုက်ရတာဆိုတော့ အဆောင်ကို မျက်စိထဲမြင်ပြီး စိတ်ထဲမှာ နှစ်ပြီး လုပ်ရတာ။ ပရိသတ်တချို့ ညီမကို မမှတ်မိတဲ့အထိဘဲ။ သွားကို မြင်မှ ဟန်နီမှန်း သိရတယ်လို့ ပြန်ကြားရပါတယ်။ ညီမကလည်း သရုပ်ဆောင်သစ်ဆိုတော့ လိုအပ်ချက်တွေရှိလည်း နားလည်ပေးပါလို့ ပြောချင်ပါတယ်။ ဇာတ်ကားမှာ ဘယ်လို ဆက်ဖြစ်မလဲ ပရိသတ်တွေ တော်တော်လေး ကို စိတ်ဝင်းစားနေကြတယ်။ ဇာတ်ရှိန်ကလည်း တဖြေးဖြေး မြင့်လာနေတယ်။ ကြားရက်ထုတ်လွှင့်တာ စိတ်မရှည်ကြတာတွေ ပြန်ကြားရတယ်။ ပီတိဖြစ် ရပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-31_13-28-28-683x1024.jpg

MRTV-4 ရုပ်သံလိုင်းကနေ ပန်းထောင်ချောက် ဇာတ်လမ်းတွဲကို လက်ရှိမှာ စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ နှစ်ရက် ထုတ်လွှင့်ပြသနေလျှက်ရှိပြီး ပရိသတ်စိတ်ဝင်စားမှု မြင့်တက်နေတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *