MT News

Written by Tha Doe

ယခင် NLD အစိုးရဟောင်းက ဦးသိန်းစိန်၏ USDP အစိုးရလက်ထက် ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်အကုန် အာဏာလွှဲပြောင်းရယူစဥ် ပြည်တွင်းပြည်ပကြွေးမြီမှာ ကျပ်၂၇၉၇၀ ဘီလျံသာရှိသော်လည်း အစိုးရအဖြစ်မှ ဖြုတ်ချခံရပြီးနောက် NLD အစိုးရဟောင်း ငါးနှစ်ခန့်တာဝန်ရယူအပြီး ၂၀၂၀- ၂၀၂၁ အကုန်တွင် ပြည်တွင်းပြည်ပကြွေးမြီ ကျပ် ၅၈၂၅၆ ဘီလျံကျော်အထိ မြင့်တက်ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ Citizen’s Budget အရ အသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာအချက်အလက်များအရ စက်တင်ဘာ ၁၆ ရက်တွင် သိရသည်။

ဦးသိန်းစိန်အစိုးရ စတင်အာဏာယူခဲ့သည့် ၂၀၁၁- ၂၀၁၂ ပြည်တွင်းပြည်ပကြွေးမြီမှာ ကျပ် ၁၆၂၇၃ ဘီလျံဖြစ်ပြီး အာဏာသက်တမ်းပြီးဆုံးသည့် ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်တွင် ပြည်တွင်းပြည်ပကြွေးမြီ ကျပ် ၂၇၉၀ ဖြင့် NLD အစိုးရဟောင်းက ဆက်ခံရရှိခဲ့သည်။

ထို့နောက် NLD အစိုးရဟောင်းလက်ထက် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ် ၁၈၀၂၀ ဘီလျံ၊ ပြည်ပကြွေးမြီ ကျပ် ၁၀၈၄၁ ဘီလျံဖြင့် ပြည်တွင်းပြည်ပကြွေးမြီ ကျပ် ၂၈၈၆၁ ဘီလျံ၊ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ် ၂၀၇၂၅ ဘီလျံ၊ ပြည်ပကြွေးမြီ ကျပ် ၁၃၉၇၄ ဘီလျံဖြင့် ပြည်တွင်းပြည်ပကြွေးမြီ ကျပ် ၃၄၆၉၉ ဘီလျံ၊ ၂၀၁၈ ခြောက်လဘဏ္ဍာနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ် ၂၂၂၈၇ ဘီလျံ၊ ပြည်ပကြွေးမြီ ကျပ် ၁၃၂၆၃ ဘီလျံဖြင့် ကျပ် ၃၅၅၅၀ ဘီလျံ၊ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ် ၂၅၂၄၄ ဘီလျံ၊ ပြည်ပကြွေးမြီ ကျပ် ၁၅၅၀၆ ဘီလျံဖြင့် ပြည်တွင်းပြည်ပကြွေးမြီ ကျပ် ၄၀၇၅၀ ဘီလျံ၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ် ၃၀၅၉၇ ဘီလျံ၊ ပြည်ပကြွေးမြီ ကျပ် ၁၇၀၄၀ ဘီလျံဖြင့် ပြည်တွင်းပြည်ပကြွေးမြီ ကျပ် ၄၇၆၃၇ ဘီလျံ၊ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ် ၃၉၈၈၉ ဘီလျံ၊ ပြည်ပကြွေးမြီ ကျပ် ၁၈၃၆၇ ဘီလျံဖြင့် ပြည်တွင်းပြည်ပကြွေးမြီ ကျပ် ၅၈၂၅၆ ဘီလျံ စသည်ဖြင့် ဘဏ္ဍာနှစ်စဥ် ပြည်တွင်းပြည်ပကြွေးမြီ မြင့်တက်ခဲ့ကြောင်းသိရသည်။

”ပြည်တွင်း၊ ပြည်ပကြွေးမြီအနေနဲ့ ဒီမိုကရေစီပထမအစိုးရ သက်တမ်းကာလ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၁၆,၂၇၃ ဘီလီယံကျပ်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ပြည်တွင်း ပြည်ပ ကြွေးမြီ ၁၈,၁၂၅ ဘီလီယံကျပ်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၂၁,၅၇၅ ဘီလီယံကျပ်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၂၂,၀၃၂ ဘီလီယံကျပ်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၂၇,၉၇၀ ဘီလီယံကျပ် ရှိခဲ့ပါတယ်။ ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၂၈,၈၆၁ ဘီလီယံကျပ်၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၃၄,၆၉၈ ဘီလီယံကျပ် ၂၀၁၈ (၆)လ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၃၅၅၅၀ ဘီလီယံကျပ်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၄၀,၇၄၉ ဘီလီယံကျပ်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၄၇,၆၃၆ ဘီလီယံကျပ်၊ ၂၀၂၀-၂၀၂၁ (၆လ) ဘဏ္ဍာနှစ်မှာ ပြည်တွင်း၊ ပြည်ပကြွေးမြီ ၅၂,၄၈၈ ဘီလီယံကျပ် ရှိခဲ့ပါတယ်။ ပြည်တွင်း၊ ပြည်ပကြွေးမြီတွေဟာ တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်လာတာကို တွေ့ရှိရပါတယ်။ ရေရှည်မှာ ကြွေးမြီခံနိုင်ရည်ရှိမှုကို သုံးသပ် တွက်ချက်ဆောင်ရွက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ကျဆင်းနေတဲ့ နိုင်ငံ့စီးပွားရေးကို ပြန်လည်ဦးမော့လာစေဖို့ ရေရှည် အစီအမံ‌တွေကို ကျွန်တော်တို့ ချမှတ်ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့နောက် SAC တာဝန်ယူခဲ့သည့် ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်တွင်မူ ၂၀၂၁ ဒီဇင်ဘာ ၃၁ ရက်အထိ စာရင်းများအရ ပြည်တွင်းကြွေးမြီ ကျပ် ၄၁၃၄၁ ဘီလျံ၊ ပြည်ပကြွေးမြီ ကျပ် ၁၈၂၁၀ ဘီလျံဖြင့် ပြည်တွင်းပြည်ပကြွေးမြီ ကျပ် ၅၉၅၅၁ ဘီလျံဖြစ်လာခဲ့ပြီး ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်ထက် ပြည်တွင်းပြည်ပကြွေးမြီ ကျပ် ၁၂၉၅ ဘီလျံ မြင့်တက်လာခဲ့သည်ဟု စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ဝေသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းဆိုင်ရာအချက်အလက်များတွင် ဖော်ပြထားမှုအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News