၃၁. ၁၀. ၂၀၂၃
Written by Pan Ei

ကမ္ဘာ့ရေပန်းအစားဆုံး ဆိုရှယ်မီဒီယာကွန်ရက်တွေဖြစ်တဲ့ Instagram နဲ့ Facebook တို့မှာ လစဉ်ကြေးပေးရင် ကြော်ငြာတွေမမြင်ရတော့ဘဲ အသုံးပြုနိုင်မယ့် အစီအစဉ်သစ်ကို မိခင်ကုမ္ပဏီ Meta က ဥရောပသမဂ္ဂ စည်းမျဉ်းတွေနဲ့အညီ တနင်္လာနေ့(အောက်တိုဘာ ၃၁ ရက်) က မိတ်ဆက်ပေးခဲ့ပါတယ်။

Meta မိတ်ဆက်ခဲ့တဲ့ အစီအစဉ်သစ်ကို EU၊ EEA နဲ့ ဆွစ်ဇာလန်နိုင်ငံက သုံးစွဲသူတွေ စတင်အသုံးပြုနိုင်မှာဖြစ်ပြီး လစဉ်စာရင်းသွင်းမှု အစီအစဉ်မှာ Website က အသုံးပြုသူတွေအတွက် ၉ ဒသမ ၉၉ ယူရို (၁၀ ဒသမ ၅၈ ဒေါ်လာ) ကျသင့်မှာဖြစ်ပြီး iOS နဲ့ Android အသုံးပြုသူတွေအတွက်ကတော့ တစ်လကို ယူရို ၁၂ ဒသမ ၉၉ (အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၇၆)ပေးဆောင်ရမှာဖြစ်ပါတယ်။

ဥရောပသမဂ္ဂရဲ့ စည်းမျဉ်းတွေက သုံးစွဲသူတွေရဲ့ ခွင့်ပြုချက်မရှိဘဲ Meta က ကြော်ငြာတွေကို စိတ်ကြိုက်ပြင်ဆင်နိုင်မှုကို တားမြစ်ထားပြီး ကုမ္ပဏီရဲ့ အဓိက ၀င်ငွေအရင်းအမြစ်ကို ထိခိုက်စေနေတာလည်းဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာကို အသုံးပြုနေရင်း ကြော်ငြာတွေ ကြည့်ရမှာကို မနှစ်ခြိုက်ကြသူတွေကလည်း ခုလို လစဉ်ကြေးပေးပြီး ကြော်ငြာတွေကိုရှောင်ရှားနိုင်တာကြောင့် သဘောကျနေကြတဲ့ သုံးစွဲသူတချို့ရဲ့ မှတ်ချက်တွေလည်းရှိသလို ဥရောပသမဂ္ဂရုံးကလည်း ကောင်းမွန်ကြောင်း မှတ်ချက်ပေးထားပြီး လစဉ်ကြေး မပေးဆောင်သူတွေကတော့ Instagram နဲ့ Facebook တို့ကို ကြော်ငြာတွေကြည့်ရင်း အသုံးပြုနေရဦးမှာ ဖြစ်ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *