MT News
၂၈. ၁၀. ၂၀၂၃

ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်နယ်စပ် လောက်ကိုင်၊ ကုန်းကြမ်း၊ ချင်းရွှေဟော်မြို့အပါအဝင် ကိုးကန့်ဒေသမှာရှိနေတဲ့ အရပ်ဘက်၊ စစ်ဘက်အဖွဲ့ဝင်တွေအနေနဲ့ လက်နက်ချအလင်းဝင်ဖို့ MNDAA က ဒီနေ့ခြိမ်းခြောက်လိုက်ပါတယ်။

ခြိမ်းခြောက်စာဟာ “ကိုးကန့်ရုပ်သေးအဖွဲ့ဝင်များအား အသိပေးစာ”လို့ ခေါင်းစဉ်တပ်ထားပြီး “ကိုးကန့်​ဒေသတွင်းက တပ်ဖွဲ့ဝင်တွေ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ခွင့်ရဒေသက စစ်သား၊ ရဲနှင့် အုပ်ချုပ်ရေးဝန်ထမ်းတွေကို ရည်ရွယ်ခြိမ်းခြောက်ထားတဲ့ ဒီစာမှာ အလင်းဝင်ရောက်လာသူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်မှာဖြစ်ပြီး ဆက်လက်ခေါင်းမာနေရင်တော့ ပြင်းထန်စွာအရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင်
အုပ်ချုပ်ရေးဌာနတွေအနေနဲ့ သက်ဆိုင်ရာဌာနအချက်အလက်၊ မှတ်တမ်းတွေ၊ ငွေကြေးတွေကို ထိန်းသိမ်းထားရမှာဖြစ်ပြီး ဖျက်ဆီးပစ်ရင် အရေးယူခံရမယ်လို့ဆိုပါတယ်။

MNDAA၊ TNLA နဲ့ AA သုံးဖွဲ့ဟာ မနေ့ကစ ၁၀၂၇ စစ်ဆင်ရေးနဲ့ အရုဏ်မတက်မီအလစ်အငိုက်မှာ တပ်စခန်းတွေနဲ့ မြို့တွေကို ဝင်ရောက်တိုက်ခိုက်ထွက်ပြေးတာကြောင့် အရပ်ဘက်၊ စစ်ဘက်ဝန်ထမ်းဆယ်နဲ့ချီသေကြေခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *