Genesis Esports ပရိသတ်တွေနဲ့ တွေ့ဆုံပွဲ အဆိုတော် Lil’Z ပါ တက်ရောက်

၂၆. ၁၀. ၂၀၂၃
Written By Thandar

နိုင်ငံတကာ PUBG MOBILE ပြိုင်ပွဲမှာ အကြီးဆုံးဖြစ်တဲ့ PUBG MOBILE GLOBAL CHAMPIONSHIP ရဲ့ ဆုကြေးငွေ ဒေါ်လာသုံးသန်းနဲ့ ချန်ပီယံသရဖူအတွက် နိုင်ငံတကာအသင်းတွေနဲ့ ရင်ဆိုင်ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေတဲ့မြန်မာနိုင်ငံကိုယ်စားပြု PUBG အသင်း Genesis Esports ကို ပရိသတ်ရှေ့ချပြခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ထိပ်တန်း E-sport အသင်းဖြစ်တဲ့ Genesis Esports ပရိသတ်တွေနဲ့ တွေ့ဆုံပွဲကို ဒီနေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ S.J (City Mall) JCGV ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ရာ ဒီ Theme Song ကိုသီဆိုပေးတဲ့ အဆိုတော် Lil’Z က တက်ရောက်ခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-26_11-43-54-1024x682.jpg

“Fan တွေနဲ့ တွေ့ရတော့ အရမ်းပျော်ရပါတယ်။ ကျွန်တော်တို့ မြန်မာပြည်က လူတွေ တော်တော်များများက ဂိမ်းဆော့တာ အကျိုးမရှိဘူးလို့ ထင်ကြတယ်။ တခြားနိုင်ငံမှာ အားပေးမှုတွေ များပေမယ့် ကျွန်တော်တို့ဆီ Support သိပ်မလုပ်ကြဘူး။ ကျွန်တော်တို့ကို အားပေးပါ “လို့ အဆိုပါ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-26_11-43-47-2-682x1024.jpg

Genesis Esports က နိုင်ငံတကာ PUBG MOBILE မှာ အကြီးဆုံးတဲ့ဖြစ်တဲ့ PUBG MOBILE GLOBAL CHAMPIONSHIP ပြိုင်ပွဲကို မြန်မာနိုင်ငံက ပထမဦးဆုံးသွားရောက်ယှဉ်ပြိုင်ဖို့ အရည်အချင်းစစ်ပြိုင်ပွဲ‌များစွာကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်ပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့ကစပြီး ဒီဇင်ဘာ ၁၀ ရက်နေ့အထိ နိုင်ငံတကာက ထိပ်တန်းအသင်း ၅၀ ကျော်က PUGB MOBILE ရဲ့ ကမ္ဘာ့ချန်ပီယံသရဖူနဲ့ ဆုကြေး ဒေါ်လာသုံးသန်းကို အကြိတ်အနယ်ယှဉ်ပြိုင်ပြီး အရယူကြမှာဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-26_11-43-50-2-1024x682.jpg

ချန်ပီယံဆုတံဆိပ်ပေါင်းများစွာရရှိထားတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု Genesis Esports က ဗိုလ်လုပွဲတက်ရောက်ရေးကို ပထမဦးစားပေး ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ အဆိုပါဗိုလ်လုပွဲကို တက်ရောက်ခွင့်ရရှိပါက PUBG MOBILE World Champion ကို ပိုင်ဆိုင်နိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *