◾အဆုတ်ကို ပျက်စီးစေသည့် ထိုဓာတ်ငွေ့ပျံ့နှံ့မှုကို သက်ဆိုင်ရာက ထိန်းချုပ်နေရ

၁၆. ၁၀. ၂၀၂၃

Written by KL

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) ၊ စက်မှုဇုန်(၃)တိုးချဲ့အမှတ်(၆၄)ရပ်ကွက် ကင်းတားလမ်းရှိ ဂိုထောင်တစ်လုံးတွင် သိမ်းဆည်းထားသော သိုင်အိုနိုင်း ကလိုရိုက် ဓာတုဓာတ်ငွေ့ အငွေ့ပျံမှုဖြစ်ပွားလျက်ရှိရာ တာဝန်ရှိသူများက အောက်တိုဘာ ၁၆ ရက်နေ့အထိ ထိန်းချုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးမှုမှ သိမ်းဆည်းထားသော သိုင်အိုနိုင်း ကလိုရိုက် ဓာတုအရည်များထည့်ထားသည့် ပေပါများမှာ အရည်များထွက်ကာ ဓာတုအငွေ့ပျံခြင်းများဖြစ်ပေါ်ခဲ့သဖြင့် မြို့နယ်တာဝန်ရှိသူများက ဦးဆောင်၍ ပျက်စီးနေသော ပေပါ ၇၀ ကျော်ကို လဲလှယ်ခြင်း၊ သိုင်အိုနိုင်းကလိုရိုက်အရည်များနှင့်သဲကြမ်းပြင်၌ ရောနှောနေရာမှ အငွေ့ထွက်ခြင်းများကို ဖယ်ရှားရှင်းလင်းခြင်းများနှင့် ဓာတုအရည်များ မထွက်ပေါ်စေရန် ဆက်လက် လုပ်ဆောင်ခဲ့သည်။

” ဒီဓာတ်ငွေ့တွေက ရှုရှိုက်မိရင် အန္တရာယ်ရှိတာကြောင့် အသက်ရှုကိရိယာတွေသုံးပြီး ဖယ်ရှားရှင်းလင်းရေး လုပ်ဆောင်နေတာပါ “ဟု ဓာတုအရည်များ ရှင်းလင်းရေး လုပ်ဆောင်သူတစ်ဦးက ​ပြောသည်။

သိုင်အိုနိုင်း ကလိုရိုက်(Thionyl Chloride)သည် အဆိပ်သင့်ဓာတုပစ္စည်း တစ်ခုဖြစ်ပြီး ယင်းဓာတ်ငွေ့နှင့် ထိတွေ့မှုကြောင့် အရေပြားနှင့် မျက်လုံးများကို ပြင်းထန်စွာ ယားယံစေကာ မျက်လုံးကို ပျက်စီးစေနိုင်​ခြင်း၊ နှာခေါင်းနှင့် လည်ချောင်းကို ယားယံစေနိုင်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူမဝခြင်းများ ဖြစ်ပေါ်စေ​ခြင်း​များ အပါအဝင် အဆုတ်ကို ထိခိုက်စေသော ဓာတုပစ္စည်းတစ်ခုဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *