၁၈. ၁၀. ၂၀၂၃

Written by KL

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ထောင်တလုပ်ရပ်ကွက်၊ အမှတ်(၇)လမ်းရှိ စိတ်ကျန်းမာရေးဆေးရုံ(ရွာသာကြီး)ဝန်းတွင် ရေဝင်ရောက်သဖြင့် ဆေးရုံရှိ လူနာအားလုံးကို ဆေးရုံအဆောင်သစ်များသို့ ပြောင်း ရွှေ့ပေးထားရပြီး ဆေးရုံအတွင်းရှိရေမှာ အနည်းငယ်သာကျဆင်းနေကြောင်းလည်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။

ပြီးခဲ့သော ​အောက်တိုဘာ ဒုတိယပတ်က မိုးသည်းထန်စွာရွာသွန်းခြင်း၊ ငမိုးရိပ်ရေထိန်းတံခါးတွင် ရေ​​မြင့်တက်ခြင်းတို့ကြောင့် အနိမ့်ပိုင်းဖြစ်သည့် စိတ်ကျန်းမာရေး ဆေးရုံဝင်း၏ လျှောက်လမ်းနှင့်လူနာဆောင်များသို့ ရေဝင်ရောက်ခဲ့​ခြင်းဖြစ်သည်။

This image has an empty alt attribute; its file name is 391695568_122128314842030934_2924989432923933283_n.jpg

အဆိုပါ ရေဝင်ရောက်မှုကြောင့် ဆေးရုံတက်နေသော လူနာ ၇၄၀ ကျော်ကို ရေလွတ်ရာ အဆောင်သစ်များသို့ရွှေ့ပြောင်းပို့ဆောင်ပေးထားကြောင်း ၊ လက်ရှိတွင် ပြင်ပလူနာဌာနသာ ရေကျဆင်းနေပြီး ကျန်ရှိသော အဆောင်များတွင် ရေ ၆ လက်မမှ ၂ ပေကျော်အထိ ရေများဝင်ရောက်နေသေးကြောင်း သိရသည်။

“ရေကတော့ တချိူ့အဆောင်တွေဆို ၂ ပေလောက် ကျန်သေးတယ်။ ရေဝင်ရောက်မှုနည်းအောင်တော့ သဲအိတ်တွေ ကာပေးထားတာတွေလည်း ရှိပါတယ်”ဟု ကယ်ဆယ်ရေး ဆောင်ရွက်သူ တစ်ဦးကပြောသည်။

လက်တလောတွင် ရေဝင်ရောက်မှုကြောင့် တာဝန်ရှိသူများက ဆေးရုံ ထရန်စဖော်မာဝန်းအတွင်းရှိ ရေများကို ရေစုပ်စက်ဖြင့် စုပ်ထုတ်ပေးခြင်း၊ ဆေးစတိုမှ ပစ္စည်းများကို ပြောင်း​ရွှေ့ပေးခြင်းများအပြင် X-Ray စက်များကို ရေလွတ်ရာသို့ ပြောင်းရွှေ့ပေးထားကြောင်း သိရသည်။ (Photo – San Lin Facebook)

Leave a Reply

Your email address will not be published. Required fields are marked *