၁၂. ၁၀. ၂၀၂၃
Written by Tha Doe
ပဲခူးတိုင်း၊ သဲကုန်းမြို့တွင် ပြည်ခိုင်ဖြိုးပါတီ၏ ပထမအကြိမ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်ကို ပျူစောထီးခေါင်းဆောင်ဟုဆိုကာ ပြည်ခရိုင် တပ်ရင်း-၃၆၀၁(PPDF) က ယနေ့ အောက်တိုဘာ ၁၂ရက်တွင် သ-တ်ဖြ-တ်လိုက်သည်ဟု ထုတ်ပြန်သည်။
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့လယ်ခေါင် စျေးအနီးတွင် ဦးစိုးအောင်ကို ယနေ့ နံနက် ၆ နာရီခွဲခန့်၌ ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ ၃ ၊ တပ်စု ၃ (Wisdomအဖွဲ့) က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် သေနတ်ဖြင့် ၃ ချက် ပစ်ခတ်သ-တ်ဖြ-တ်ခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်မှုကြောင့် ဦးစိုးအောင်မှာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ ဦးစိုးအောင်မှာ SAC ၏ အမာခံအကြီးစားထောက်တိုင်တစ်ဦးဖြစ်ရုံမက ပျူစောထီးခေါင်းဆောင်အဖြစ် ဆောင်ရွက်နေသူလည်း ဖြစ်ကြောင်း၊ ပြည်သူ့စစ် (ပျူစောထီး) ဖွဲ့စည်းခြင်း၊ စစ်သင်တန်းပေးခြင်းတို့အတွက် လူအင်အား ရှာဖွေစုဆောင်းခြင်း၊ စည်းရုံးသိမ်းသွင်းခြင်းများကို အဓိကဦးဆောင်၍ စုဆောင်း လုပ်ဆောင်ပေးနေသူဖြစ်ကြောင်းလည်း PPDF က စွပ်စွဲထားသည်။
