၁၃.၁၀.၂၀၂၃
Written by Peya

ကျောင်းသို့သွားစဥ် လည်-လှီးသ-တ်ဖြ-တ်ခံရသည့် ဆရာမ အမှုတွင် ကျူးလွန်သူက ဝန်ခံပြီ ဖြစ်ကြောင်း AA အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ရှင်းလင်းချက်ထုတ်ပြန် ပြန်ကြားထားကြောင်း တွေ့မြင်ရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်က ရခိုင်ပြည်နယ်၊ ရသေ့တောင်မြိုနယ် ကျွန်းပေါ် ပေါက်တောကျေးရွာနေ အသက် ၃၅ နှစ်အရွယ် အလယ်တန်းပြ ဆရာမ ဒေါ် နှင်းယုနွယ်သည် မိမိရွာမှ အနီးနားရှိ ပန်းဖော်ပြင် ကျေးရွာသို ကျောင်းတက်ရန် သွားရောက်စဉ် လည်-လှီး-သ-တ်ဖြ-တ်ခံရခြင်းဖြစ်ကာ အလောင်းတွင် အဝတ်အစားများ ဖရိုဖရဲဖြစ်နေသည်ကိုလည်း တွေ့ရသည့်အပြင် လက်ကိုင်ဖုန်းနှင့် ရွှေငွေတို့ကိုလည်း ယူဆောင်သွားခြင်း မရှိကြောင်း တွေ့ရခြင်းဖြစ်ပြီး အမှုကို AA အဖွဲ့က စစ်ဆေးနေခြင်း ဖြစ်သည်။

“ရသေ့တောင်မြိုနယ် ကျွန်းပေါ်ပေါက်တောရပ်ရွာက ဆရာမ နှင်းယုနွယ် အသတ်ခံရမှု တရားခံအစစ်ကို ဖော်ထုတ်နိုင်ပါပြီ။ သူဘာကြောင့် ဘယ်လိုသတ်ဖြတ်ခဲ့တယ်ဆိုတာကိုလည်း တရားခံကိုယ်တိုင်ဝန်ခံထားပြီးဖြစ်ပါတယ်။ ဒါပေမဲ့ တခြားဆက်စပ်စစ်ဆေးစရာကိစ္စတွေကျန်နေသေးတဲ့အတွက် အသေးစိတ်အချက်အလက်တွေကို လာမဲ့ရက်ပိုင်းတွေမှာမှ ဆက်လက်ထုတ်ပြန်သွား မှာဖြစ်ပါတယ်” ဟု ခိုင်သုခက ရှင်းလင်းထားသည်။

ပညာရေးသည် တိုင်းပြည်တစ်ပြည်၏ အဓိက အသက်သွေးကြောဖြစ်ပြီး တိုင်းပြည်တည်ဆောက်သည့် နေရာတွင် ပညာရည်ထူးချွန်ထက်မြတ်သော ပြည်သူ/သားများ လိုအပ်နေသည်။ ကျောင်းဆရာ/မ များမှာ တိုင်းပြည်၏ အနာဂတ်ကြယ်ပွင့်လေးများကို မွေးထုတ်ပေးသူများ ဖြစ်သည့်အတွက် အလွန်တရာ တန်ဖိုး ထားအပ်သူများပင် ဖြစ်ကြောင်း၊ ယခု လုပ်ကြံ-သ-တ်ဖြတ်ခံရပြီး သေဆုံးသွားသူမှာလည်း ကျောင်းဆရာမတစ်ဦး ဖြစ်သည့်အတွက်ကြောင့် သေဆုံးမှုနှင့် ပတ်သက်ပြီး အုပ်ချုပ်သူများတွင် တာဝန်ရှိပြီး အမှန်တရား ပေါ်ပေါက်၍ တရားခံ ဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်သင့်ကြောင်းနှင့် ကျွန်းပေါ်ပေါက်တောကျေးရွာမှ ကျောင်းဆရာမတစ်ဦး လုပ်ကြံ သ-တ်ဖြ-တ် သေဆုံးခဲ့ရမှုနှင့် ပတ်သက်ပြီး ပြစ်တင်ရှုတ်ချလိုက်သည်ဟု ရခိုင်ပြည်လုံးဆိုင်ရာ ပညာရေးကွန်ရက်က ထုတ်ပြန်ထားခဲ့သေးသည်။

Leave a Reply

Your email address will not be published. Required fields are marked *