April 29, 2024

၇. ၁၀. ၂၀၂၃
Written By Thandar

ပညာရေးအခွင့်အလမ်းတွေနဲ့ ပညာရေးကို အခမဲ့ လေ့လာနိုင်မယ့် ကမ္ဘာ့ပညာရေးပြပွဲ The World Education Expo Myanmar 2023 ကို ဒီနေ့ အောက်တိုဘာ ၇ ရက်နဲ့ အောက်တိုဘာ ၈ ရက် နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ Wyndham Grand Yangon Hotel မှာ ကျင်းပနေတာ ဖြစ်ပါတယ်။

“အရင်တုန်းကလည်း ဒီလိုမျိူး ပြပွဲတွေ ရှိခဲ့ပါတယ်။ ဒီနှစ်ကတော့ ပိုပြီး စုံလင်သလိုပါပဲ။ အခုလိုပညာရေးပြပွဲကို အကောင်အထည်ဖော်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီလိုမျိုး ပြပွဲမျိုးက ကျွန်တော်တို့ နိုင်ငံအတွက် အများကြီး လိုအပ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ကျောင်းတွေ၊ တက္ကသိုလ်‌တွေက မှိုလိုပေါက်ပြီး ဖြစ်နေတယ်။ ကျောင်းအတုတွေလည်း ရှိနေတယ်။အခုလိုမျိုး ပြပွဲတွေမှာဆိုရင် နိုင်ငံတကာ တက္ကသိုလ်တွေလည်း ပါ၀င်ပြသထားတဲ့အတွက် လာရောက်လေ့လာကြပါ” လို့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများအသင်း ဥက္ကဋ္ဌ ဦးနေအုပ်က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-07_12-44-08-1024x768.jpg

အဆိုပါ ပြပွဲမှာ ပြည်တွင်းပြည်ပက တက္ကသိုလ်နဲ့ ကောလိပ်တွေ၊ ပြည်တွင်းရှိ ပုဂ္ဂလိကပညာရေးသင်တန်းကျောင်းတွေ၊ အိုင်တီသင်တန်းကျောင်း‌တွေ၊ နိုင်ငံခြားဘာသာနဲ့ နိုင်ငံခြားတက္ကသိုလ်တွေ၊ နိုင်ငံခြားသင်ရိုး ညွှန်းတမ်းတွေပါဝင်တဲ့ နိုင်ငံတကာ ကျောင်းပေါင်း ၂၉ ခုက ပြခန်းပေါင်း ၄၀ ကို ခင်းကျင်းပြသထားပါတယ်။

This image has an empty alt attribute; its file name is photo_2023-10-07_12-44-17-1024x768.jpg

“ဒီနေ့ပြပွဲကတော့ Dragon Exhibitions Limited က စီစဉ်တဲ့ ပွဲဖြစ်ပါတယ်။ ဒီပြပွဲက‌ နှစ်ရက်တာ ကျင်းပမှာပါ။ ‌မန္တလေးမှာလည်း ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့မှာ လုပ်ဖို့ရှိပါတယ်။ ဒီပြပွဲမှာ နိုင်ငံစုံ ကျောင်းစုံက ကျောင်းတွေ ပါ၀င်ပြသထားပါတယ်။ ကုမ္ပဏီ ၂၀ ပတ်၀န်းကျင်လောက်က ပြခန်းပေါင်း ၄၀ လောက် ပါ၀င်ပြသထားတယ်။ ဒီလိုမျိုး ပြပွဲမျိုးက လူငယ်တွေအတွက် တကယ့်ကို အကျိုးရှိမယ့် ပြပွဲဆိုတာ တွေ့ရတယ်။ ဒီထဲမှာပါ၀င်ပြသထားတဲ့ တချို့ ကျောင်းတွေမှာ Full Scholarship တွေလည်း ရနိုင်မယ့် အခွင့်အလမ်းတွေလည်း ရှိပါတယ်”လို့ Trade Expert & Author ဆရာဦးသိန်းမြင့်‌ဝေက ပြောပါတယ်။

အောက်တိုဘာ ၈ ရက် မွန်းလွဲ ၂ နာရီမှာ Yagon Stock Exchange က Executive Senior Manager ဆရာဦးသက်ထွန်းဦး၊ Trade Expert & Author ဆရာဦးသိန်းမြင့်‌ဝေ၊ Myanmar Resources Network & Founder & Managing Director ဆရာဦးသူရိန်ငြိမ်းတို့က ၂၁ ရာစုပညာရေးအကြောင်း ဆွေးနွေးဟောပြောသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *