၂၉. ၉. ၂၀၂၃
Written by Nay Aung

ထိုင်းနိုင်ငံ မဲဆောက်မြို့ရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံဘက်ခြမ်းမှ ထိုင်းနိုင်ငံဘက်ခြမ်းကို တရားမဝင် ဝင်ရောက်ကာ အိမ်များကိုဖောက်ထွင်း ခိုးယူမှုကျူးလွန်နေသည့်မြန်မာနိုင်ငံသားတစ်ဦးကို စက်တင်ဘာ ၂၈ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

မဲဆောက်မြို့ Ratcharatdamri လမ်းတွင်နေထိုင်နေသော ဒေသခံများသည် ၎င်းတို့လမ်းအတွင်းရှိ အိမ်တစ်အိမ်ကို လူတစ်ဦးလျှို့ဝှက်ဝင်ရောက်ပြီး ဖောက်ထွင်းရန်ကြိုးပမ်းနေသည့်အကြောင်းကို ရဲတပ်ဖွဲ့နှင့်ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့များထံ အသိ ပေး အကြောင်းကြားခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။

ထိုင်းရဲတပ်ဖွဲ့နှင့် ကျေးရွာသားများသည် အိမ်အတွင်းလျှို့ဝှက်ဝင်ရောက်ကာ ဖောက်ထွင်းခိုးယူရန် ကြိုးပမ်းနေသည့် မြန်မာ နိုင်ငံသားကို ဝိုင်းဝန်းပိတ်ဆို့ကာ ဖမ်းဆီးနိုင်ခဲ့ပြီး ဥပဒေနှင့်အညီ စွဲချက်တင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထား သည်။

ဖောက်ထွင်းမှုကျူးလွန်သူသည် အသက် ၅၀ အရွယ်ရှိ မြန်မာနိုင်ငံသား ဦးမောင်ဦးဆိုသူဖြစ်ပြီး မြန်မာနိုင်ငံဘက်ခြမ်းမှ ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းကိုလာရောက်ခဲ့ကာ Ratcharatdamri လမ်းရှိ အိမ်ကိုဖောက်ထွင်းရန် ကြိုးပမ်းခဲ့ခြင်းဖြစ် ကြောင်း ဝန်ခံပြောဆိုထားသည်။ ဦးမောင်ဦးသည် Ratcharatdamri လမ်းရှိအိမ်ထဲကို ဝင်ရောက်ခဲ့ပြီး အိမ်တံခါးကိုဖွင့်ရန် ဓားကို အသုံးပြုခဲ့ကြောင်း၊ ကျေးရွာသားများသည် ဆူညံသံများကို ကြားခဲ့ပြီးနောက် မဲဆောက်မြို့ရဲတပ်ဖွဲ့ကို အကြောင်း ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးမောင်ဦးက ၎င်းသည် ထိုင်းနိုင်ငံဘက်ခြမ်းရှိအိမ်များထဲသို့ လျှို့ဝှက်ဝင်ရောက်ပြီး ပစ္စည်းများခိုးယူကာ ရောင်းစား၍ ဘဝကိုရှင်သန်နေထိုင်နေသူဖြစ်ကြောင်းဝန်ခံပြောဆိုထားသည်ဟု မဲဆောက်မြို့ရဲတပ်ဖွဲ့က ပြောသည်။

Ref;banmuang

Leave a Reply

Your email address will not be published. Required fields are marked *

Related News