MT News

Written by Thettant

အိန္ဒိယနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနအောက်ရှိ ကျောက်မျက်ရတနာတင်ပို့မြှင့်တင်ရေးကောင်စီ (The Gem & Jewellery Export Promotion Council – GJEPC) မှ ဦးစီး၍ အိန္ဒိယနိုင်ငံ အပြည်ပြည်ဆိုင်ရာကျောက်မျက် ရတနာပြပွဲကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ မွမ်ဘိုင်းမြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

အိန္ဒိယနိုင်ငံ အပြည်ပြည်ဆိုင်ရာကျောက်မျက်ရတနာပြပွဲတွင် မြန်မာနိုင်ငံမှ ပါဝင်ပြသမည့် လုပ်ငန်းရှင်အရေအတွက်ပေါ်မူတည်၍ မြန်မာပြခန်းဆောင်ကို စီစဉ်ပေးသွားမည်ဖြစ်ပြီး၊ စိတ်ပါဝင်စားသည့် ကုန်သည်/စက်မှုအသင်းချုပ်ရှိ ညီနောင်အသင်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပါဝင်တက်ရောက်ပြသလိုပါက အောက်တိုဘာ ၂ ရက် နောက်ဆုံးထား အမည်စာရင်းပေးသွင်းနိုင်မည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ််က ထုတ်ပြန်ထားသည်။

အိန္ဒိယနိုင်ငံ၏ အကြီးဆုံးဖြစ်သောအဆိုပါ ကျောက်မျက်ပြပွဲတွင် ကမ္ဘာ့နိုင်ငံပေါင်း ၆၀ ကျော်မှ ဧည့်သည် ၁၀၀၀ ကျော်လာရောက်မည်ဖြစ်သလို ကုန်သည်ပေါင်း ၃၂၀၀၀ အထက်တက်ရောက်မည်ဖြစ်ကာ ကျောက်မျက်ပြခန်း ၁၃၀၀ အထက်နှင့် ဆိုင်ခန်းပေါင်း ၂၅၀၀ အထက်ပါဝင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *