၂၀. ၉. ၂၀၂၃
Written by Naing Thuta

လားရှိုးမြို့ရှိ တည်းခိုခန်းတစ်ခုပေါ်မှ အမျိုးသားတစ်ဦး ခုန်ချခဲ့ပြီး ဒဏ်ရာရရှိမှု ယနေ့နံနက်အာရုံမတက်မီအချိန်က ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက် (၁၂)၊ မန်ဆူကားဝင်းအနီးရှိ တည်းခိုခန်းတစ်ခုပေါ်မှစက်တင်ဘာ ၂၀ ရက်နေ့ ယနေ့မနက် ၁ နာရီ ၃၀ မိနစ်ခန့်က အမျိုးသားတစ်ဦး ခုန်ချခဲ့သောကြောင့် ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် လားရှိုးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-09-20_12-30-59-2-769x1024.jpg

” ဒီနေ့မနက် ၁ နာရီခွဲလောက်က တည်းခိုခန်းပေါ်ကနေ လူလတ်ပိုင်းအမျိုးသားတစ်ဦး ခုန်ချမှုဖြစ်သေးတယ်။ သေတော့မသေသွားဘူး။ ဒဏ်ရာတွေတော့ တော်တော်ရသွားတယ်။ အသက်အန္တရာယ်တော့ စိုးရိမ်ရတယ်လို့ ကြားတယ်။ အချို့ကလည်း မူးလို့ ဆေးကြောင်လို့ဆိုပြီး အမျိုးမျိုးပြောသံကြားတာပဲ။ တိတိကျကျတော့မသိရဘူး။ ညထဲက တည်းခိုခန်း မန်နေဂျာကို သက်ဆိုင်ရာက ခေါ်ယူ စစ်ဆေးနေကြတယ်”ဟု အခင်းဖြစ်ပွားရာအနီးနေထိုင်သော ဒေသခံတစ်ဦးက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *