၁၁. ၉. ၂၀၂၃

Written by Nyein Kyaw

ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်မှုမရှိသော်လည်း ဒေါ်လာဈေး ပြန်လည်တက်ရိပ်ပြလာသဖြင့် ပြည်တွင်းရွှေဈေး ယနေ့တွင် ဈေးနှုန်းပြောင်းလဲမှုများမြန်ဆန်ခဲ့ပြီး အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၆ သိန်းဝန်းကျင်သို့ မြင့်တက်ခဲ့သည်။

ပြည်တွင်းရွှေဈေးသည် ဒေါ်လာဈေးနှုန်းကျဆင်းမှုကြောင့် စက်တင်ဘာလဆန်းပိုင်းမှစ၍ ဆက်တိုက်ကျဆင်းလာခဲ့ပြီး စက်တင်ဘာလ ၁၀ ရက်တွင် ဒေါ်လာဈေး တစ်ဒေါ် လာ ကျပ် ၃,၂၀၀ သို့ ကျဆင်းခဲ့၍ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၄ သိန်းဝန်းကျင်သို့ ကျဆင်းခဲ့သည်။

စက်တင်ဘာလ ၁၁ ရက်(ယနေ့)တွင် ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စကို ၁၉၂၇ ဒေါ်လာဖြင့် တည်ငြိမ်လျက်ရှိသော်လည်း ပြည်တွင်း၌ ဒေါ်လာဈေးနှုန်း တစ်ဒေါ်လာ ကျပ် ၃,၃၅၀ နှင့် ကျပ် ၃,၄၀၀ ဖြစ်ပေါ်ခဲ့ပြီး ယမန်နေ့ထက် ဒေါ်လာဈေး ကျပ် ၁၅၀ ဝန်းကျင် ပြန်လည်မြင့်တက်ခဲ့သည်။

ထို့ကြောင့် ယနေ့ မနက်ပိုင်းဈေးနှုန်းစဖွင့်ချိန်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၄၅၀,၀၀၀ သာရှိခဲ့သော်လည်း ဈေးနှုန်းပြောင်းလဲမှု လေးကြိမ်အထိဖြစ်ပေါ်ခဲ့ပြီး ညနေ ၃ နာရီခွဲတွင် ရောင်းဈေး ကျပ် ၃,၆၂၀,၀၀၀ နှင့် ဝယ်ဈေး ကျပ် ၃,၅၉၀,၀၀၀ သို့ ပြန်လည်မြင့်တက်ခဲ့သည်။ တစ်ရက်အတွင်း ရွှေဈေးနှုန်း ကျပ် ၂၀၀,၀၀၀ ဝန်းကျင် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ပြင်ပဈေးကွက်တွင် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် စက်တင်ဘာလ ၇ ရက်တွင် ရွှေဈေးနှုန်း ၃,၅၁၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၉၀ ကျပ်၊ စက်တင်ဘာလ ၈ ရက်တွင် ရွှေဈေးနှုန်း ၃,၄၇၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၆၀ ကျပ်၊ စက်တင်ဘာလ ၉ ရက်တွင် ရွှေဈေးနှုန်း ၃,၄၃၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၄၀ ကျပ်၊ စက်တင်ဘာလ ၁၀ ရက်တွင် ရွှေဈေးနှုန်း ၃,၄၁၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၂၀၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *