PDF အဖွဲ့ဖြစ်သော KRF က ကျိုက်ထိုဆေးရုံအုပ်ကြီးအား ​ခြိမ်း​ခြောက်စာပို့ခဲ့မှုကို တွေ့ရစဥ်။

◾PDF များ၏ ဒရုန်း၊ အမြောက်များဖြင့် တိုက်ခိုက်နေမှုကြောင့် ကျန်းမာရေးနယ်ပယ်တွင် လူနာများ၏ လိုအပ်ချက်ဖြည့်ဆည်းရန် ထိခိုက်လာခဲ့ရ

၃၁. ၈. ၂၀၂၃

Written by Nay Aung

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ သြဂုတ် ၈ ရက်နေ့အထိမြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် Health Care System အပေါ် တိုက်ခိုက်ခံရမှု အနည်းဆုံး ၂၃၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဆွတ်ဇာလန်နိုင်ငံအခြေစိုက် သုတေသန အင်စတီကျူးရှင်းတစ်ခုဖြစ်သော Insecurity Insight အဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါတိုက်ခိုက်ခံရမှုများဖြစ်ပွားချိန်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် ဝန်ထမ်း အနည်းဆုံး ၂၄ ဦး သေဆုံးခဲ့ရာ လူနာများ၏ လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်ရန် ထိခိုက်မှုများဖြစ်လာစေခဲ့ကြောင်း သိရသည်။

အဆိုပါကာလအတွင်း ကျန်းမာရေးဆိုင်ရာအဆောက်အဦများ ဒရုန်းနှင့်တိုက်ခိုက်ခံရခြင်း၊ အမြောက်ကျည်ဆံများကျခြင်း စသည့် အဖြစ်အပျက်ပေါင်း အနည်းဆုံး ၇၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုခံယူရေးကို သက်ရောက်မှုများဖြစ်လာခဲ့ကြောင်း သိရသည်။ ထို့ပြင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ သြဂုတ် ၈ ရက်နေ့အထိ ကျန်းမာရေးဝန်ထမ်း ၅ ဦး ပြန်ပေးဆွဲခံရပြီး ကျန်းမာရေးဝန်ထမ်း ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း Insecurity Insight အဖွဲ့က ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့်ပတ်သက်သောအရာများ တိုက်ခိုက်ခံရမှု မြင့်တက်လာခဲ့ပြီး၂၀၂၁ ခုနှစ်တွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှင့်ဆက်နွှယ်သော အရာများ တိုက်ခိုက်ခံရခြင်း သို့မဟုတ် တားဆီးခံရခြင်းသည် ၄၇၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ် တိုက်ခိုက်ခံရခြင်း သို့မဟုတ် တားဆီးခံရခြင်းက ၂၇၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Insecurity Insight အဖွဲ့သည် ပြည်တွင်းပြည်ပသတင်းဌာနများနှင့် ဆိုင်ရာတာဝန်ရှိသူအသီးသီး၏ထုတ်ပြန်ချက်များကိုလေ့လာစောင့်ကြည့်ပြီးနောက် မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် တိုက်ခိုက်ခံရသောအခြေနေများကို ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ယခုကာလအတွင်း NUG နှင့် PDF များက ရဟန်းသံဃာများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ရပ်ကျေးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူ ကလေးသူငယ်များအား “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်လုပ်ပေးသူ” စွပ်စွဲချက်ဖြင့် လူ ၆၃၀၀ အထက် သ-တ်ဖြတ်ထားကြောင်း သိရသည်။

Ref- — Insecurity Insight

Leave a Reply

Your email address will not be published. Required fields are marked *