မေဂျာလိဂ်ဘောလုံးသမိုင်းတစ်လျှောက် ဈေးအကြီးဆုံးပွဲဖြစ်လာတော့မယ့် မက်ဆီရဲ့နောက်ကစားပွဲ

၁. ၉. ၂၀၂၃
Written by Pan Ei

မေဂျာလိဂ်မှာ “မက်ဆီကို ရူးသွပ်ခြင်း” တွေက လျော့နည်းသွားမယ့် လက္ခဏာမတွေ့ရသေးဘဲ လာမယ့် တနင်္ဂနွေမှာ ယှဉ်ပြိုင်သွားမယ့် အင်တာမိုင်ယာမီနဲ့ လော့စ်အိန်ဂျလိစ်အသင်းတို့ ပွဲစဉ်အတွက် လက်မှတ်စျေးနှုန်းတွေဟာ မေဂျာလိဂ်သမိုင်းတစ်လျှောက် ဘောလုံးပွဲတစ်ပွဲအနေနဲ့ စျေးအကြီးဆုံးဖြစ်ကြောင်း အွန်လိုင်းစျေးကွက်တစ်ခုဖြစ်တဲ့ TickPick ရဲ့အဆိုအရ သိရပါတယ်။

တနင်္ဂနွေဘောလုံးပွဲရဲ့ လက်မှတ်ပျမ်းမျှစျေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၆၉၀ ဝန်းကျင်အထိဖြစ်လာနေပြီး ဘောလုံးစူပါစတား မက်ဆီ လိဂ်ကို မရောက်ခင်က မေဂျာလိဂ်ပွဲစဉ်တစ်ပွဲအတွက် လက်မှတ်ပျမ်းမျှဈေးက ဒေါ်လာ ၁၁၀ သာ ရှိခဲ့တာကြောင့် ခုလက်ရှိ လက်မှတ်ဈေးပမာဏက အရင်ဈေးတွေထက် ၅၂၇ ရာခိုင်နှုန်းအထိ ခုန်တက်ခဲ့တာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က မေဂျာလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ လော့စ်အိန်ဂျလိစ်အသင်းဟာလည်း လိဂ်မှာ ရေပန်းအစားဆုံး အသင်းတွေထဲက တစ်ခုဖြစ်တာကြောင့် လက်မှတ်ဝယ်လိုအား အမြဲတမ်း မြင့်မားနေတတ်ပေမဲ့ မက်ဆီ မပါတဲ့ ပွဲတွေမှာတော့ လက်မှတ်ဈေးက ၁၅၁ ဒေါ်လာလောက်ပဲရှိပြီး ၈၀ ရာခိုင်နှုန်းလောက် ဈေးသက်သာပါတယ်လို့ TickPick က ဆိုပါတယ်။

မေဂျာလိဂ်မှာ မက်ဆီ ပါဝင်လာကတည်းက ပွဲစဉ်တွေရဲ့ လက်မှတ်ခတွေက ပုံမှန်ထက် ဈေးပိုတက်ခဲ့တဲ့အပြင် “မက်ဆီကို ရူးသွပ်ခြင်း” တွေက ကွင်းအပြင်ဘက်မှာလည်း တိုးလာခဲ့ပြီး ဇူလိုင်လမှာ မက်ဆီပါဝင်လာကတည်းက ဘောလုံးပွဲထုတ်လွှင့်တဲ့ပက်ကေ့ချ်ကို စာရင်းသွင်းမှု တိုးလာတယ်လို့ Apple TVက ပြောကြားခဲ့တဲ့ကာ မက်ဆီရဲ့ ဂျာစီဝယ်လိုအားကလည်း “တစ်ကယ့်ကို မကြုံစဖူးပါပဲ” လို့ Adidas က ပြောကြားခဲ့ပါတယ်။

အင်တာမိုင်ယာမီ အသင်းကို မက်ဆီရောက်ပြီးကတည်းက ၉ ပွဲကစားကာ သွင်းဂိုး ၁၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး အသင်းကို လိဂ်ဖလားတစ်လုံးရော၊ နိုင်ပွဲတွေပါ ရယူပေးနိုင်ခဲ့ကာ ရွှေဘောလုံး ၇ ဆုရှင် ကမ္ဘာ့ဖလားချန်ပီယံကို အရခေါ်နိုင်ခဲ့တဲ့ အင်တာမိုင်ယာမီအသင်းကတော့ အကျိုးများစွာကို ခံစားနေရဆဲပဲ​ ဖြစ်ပါတယ်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *