၂၉. ၈. ၂၀၂၃
Translated by Htwe Ko Tun

ဩစတြေးလျနိုင်ငံ၊ ကွင်းစ်လန်းဒေသအတွင်း သစ်ပင်တွေပေါ်မှာသာ အများအားဖြင့် နေထိုင်လေ့ရှိတဲ့ Carpet Python လို့ သိကြတဲ့ ၁၆ ပေခန့်ရှည် စပါးအုံးမြွေမျိုး မြွေကြီးတစ်ကောင်က ဩစတြေးလျ မိသားစုတစ်စု နေထိုင်ရာအိမ်ခေါင်မိုးပေါ်ကနေ သစ်ပင်တွေဆီ လျှောတိုက်ဖြတ်ကူးတာကို ဩဂုတ် ၂၈ ရက်မှာ တွေ့ခဲ့ရတဲ့ ထိုအိမ်နေမိသားစုတစ်စုလုံး ထိတ်လန့်တုန်လှုပ်ခဲ့ကြရပါတယ်။

အိမ်ခေါင်မိုးတစ်လျှောက်တွားသွားပြီး သစ်ပင်တွေပေါ် ကူးတက်သွားတဲ့ အဆိုပါ စပါးအုံးမြွေကြီးကို တွေ့မြင်ရတဲ့ အနီးပတ်ဝန်းကျင်ကလူတွေဟာလည်း အံ့အားသင့်ခဲ့ကြရတယ်လို့ သတင်းတွေက ဆိုပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-29_14-30-44.jpg

လူအများအပြား အဲဒီနေရာကိုစုရုံးရောက်ရှိလာကြပြီး မြွေကြီးကို ဓာတ်ပုံတွေ၊ ကင်မရာတွေရိုက်ခဲ့ကြပါတယ်။ ဗီဒီယိုတစ်ခုမှာတော့ မြွေကြီးက အပင်အရွက်တွေကြားက ထွက်လာကာ ကြည့်နေကြတဲ့လူတွေဘက် ခေါင်းကို လှည့်ထောင်လိုက်တဲ့အခါမှာတော့ ကလေးငယ်တစ်ဦးရဲ့ ကြောက်လန့်အော်ဟစ်သံကိုပါ ကြားကြရပါတယ်။ ဒီ့နောက်မှာတော့ သူ့ခန္ဓာကိုယ်အလေးချိန်ကို ဟန်ချက်ညီအောင်ထိန်းနိုင်ကာ အပင်ထိပ်ဖျားအတွင်း ပျောက်ကွယ်သွားတဲ့အခါမှာတော့ ကြည့်ရှုနေသူအားလုံး အထူးပင် အံ့ အားသင့်ခဲ့ကြရပါတယ်။

အဆိုပါ‌ မြွေကြီးက အလေးချိန် ၁၅ ကီလိုဂရမ်ခန့်ရှိပြီး အရှည်အားဖြင့် ၄ မီတာကနေ ၅ မီ တာ(၁၆ ပေ ခန့်) အကြားရှိမယ်လို့ ခန့်မှန်းကြပါတယ်။ Carpet python မြွေက စပါးအုံးမြွေအမျိုးအစားဖြစ်ကာ အများအားဖြင့် သစ်ပင်ပေါ်မှာ နေထိုင်တတ်ကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီလောက်ကြီးမားရှည်လျားတဲ့ မြွေကြီးမျိုးကိုတော့တွေ့ဖို့ ခဲယဉ်းလှပါတယ်။

Ref—-NDTV

Leave a Reply

Your email address will not be published. Required fields are marked *