၂၉. ၈. ၂၀၂၃

Written by Nay Aung

တရုတ်နိုင်ငံအခြေစိုက် China Southern Airlines လေကြောင်းလိုင်းသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပြီးနောက် မြန်မာနိုင်ငံနှင့်လေကြောင်းချိတ်ဆက်ပျံသန်းမှုများ ပိုမိုလုပ်ဆောင်လာခဲ့ရာ လာမည့် စက်တင်ဘာ ၁ ရက်တွင်မြန်မာနိုင်ငံ ရန်ကုန်- တရုတ်နိုင်ငံ ကွမ်ကျိုးနှင့် အမေရိကန်နိုင်ငံ လော့အိန်ဂျယ်လိစ့်မြို့ကို တိုက်ရိုက်ပျံသန်းမည့် လေကြောင်းခရီးစဉ်စတင်သွားမည်ဖြစ်ကြောင်း သိရသည်။

China Southern Airlines လေကြောင်းလိုင်းသည် ရန်ကုန်-ကွမ်းကျိုး- လော့အိန်ဂျယ်လိစ့်မြို့တို့ကို ချိတ်ဆက်ပျံသန်းမည့်ခရီးစဉ်ကို တစ်ပတ်လျှင် လေးရက်နှုန်းဖြင့်ပျံသန်းမည်ဖြစ်သော်လည်း လော့အိန်ဂျယ်လိစ့်- ကွမ်ကျိုး – ရန်ကုန်ခရီးစဉ်ကို တစ်ပတ်ကို တစ်ကြိမ်နှုန်းသာ ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်-ကွမ်းကျိုး- လော့အိန်ဂျယ်လိစ့်မြို့တို့ကို ချိတ်ဆက်ပျံသန်းမည့်ခရီးစဉ်ကို စက်တင်ဘာ ၁ ရက်မှစတင်ပြီး တနင်္လာ၊ ဗုဒ္ဒဟူး၊ သောကြာနှင့် စနေနေ့တို့တွင် ပျံသန်းမည်ဖြစ်သလို လော့အိန်ဂျယ်လိစ့်- ကွမ်ကျိုး – ရန်ကုန်ခရီးစဉ်ကို တစ်ပတ်လျှင် ဗုဒ္ဒဟူးနေ့တစ်ရက်သာ ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။

This image has an empty alt attribute; its file name is 371822864_169680759482740_5522583187057156741_n.jpg

ရန်ကုန်-ကွမ်းကျိုး- လော့အိန်ဂျယ်လိစ့်မြို့တို့ကို ချိတ်ဆက်ပျံသန်းမည့်ခရီးစဉ်တွင် Transit Hour အချိန် ၅ နာရီသာကြာမည်ဖြစ်သည့်အတွက် China Visa ယူစရာမလိုကြောင်း ပြည်တွင်းခရီးသွားလုပ်ငန်းများအေဂျင်စီများက သတင်းထုတ်ပြန်ထားသည်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလအတွင်း တရုတ်လေကြောင်းလိုင်းများသည် မြန်မာနိုင်ငံနှင့်လေကြောင်း ချိတ်ဆက်ပျံသန်းမည့် ခရီးစဉ်အချို့ကို ဆိုင်းငံခဲ့သော်လည်း လက်ရှိအချိန်တွင် လေကြောင်း တိုးချဲ့ပျံသန်းမှုများ လုပ်ဆောင်နေရာ ပြည်ပခရီးသွားများလာရောက်ရန် ပိုမိုအဆင်ပြေလာဖွယ်ရှိနေကြောင်း သိရသည်။ ရန်ကုန်-ကွမ်ကျိုး -လော့အိန်ဂျလိစ် ခရီးစဉ်အတွက် အသွား၊ အပြန် လေယာဉ်လက်မှတ်ခနှုန်းထားမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ ကျော်ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

Ref—xinhua english

Leave a Reply

Your email address will not be published. Required fields are marked *