တပ်မတော်၏ စစ်ရေးအသုံးစရိတ်မှာ တစ်နှစ် ဒေါ်လာ ၂ ဘီလျံအထက်ရှိ၍ အဆမတန်ကွာခြားနေ

၂၉. ၈. ၂၀၂၃
Written by Nay Moe

PDF ကို ပြည်တွင်းပြည်ပ လှူဒါန်းမှု ၁၇ လအတွင်း ဒေါ်လာ ၁၀ ဒသမ ၉၃ သန်းသာ ရရှိခဲ့ပြီး ၁၁ သန်းပင်မပြည့်၍ တစ်လ ဒေါ်လာ ၆ သိန်းကျော်သာ အလှူခံရရှိထားသည်ဟု NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန၏ PRF2.0 အစီအစဥ်မှ သိရသည်။

ထို ဒေါ်လာ ၁၀ ဒသမ ၉၃ သန်းမှ PDF တပ်ရင်းစစ်ကြောင်းများအတွက် ဒေါ်လာ ၉ ဒသမ ၀၃ သန်း အသုံးပြုထားပြီး ဒေါ်လာ ၁ ဒသမ ၉ သန်းခန့်ကို ပကဖများ၊ LDFs များ၊ လက်နက်ထုတ်လုပ်ရေးစခန်းများကို တိုက်ရိုက်ထောက်ပံ့သည်ဟု ဆိုသည်။

တပ်မတော်၏ စစ်ရေးအသုံးစရိတ်မှာ နှစ်စဥ်အမေရိကန်ဒေါ်လာ ၂ ဘီလျံဝန်းကျင်ခန့်ရှိနေချိန်တွင် PDF များအတွက် လှူဒါန်းထောက်ပံ့မှုမှာ ၁၁ သန်းပင်မပြည့်သလို လှူဒါန်းမှုများလည်း သိသိသာသာလျော့ကျလာနေကာ NUG က ရောင်းချနေသည့် မြေကွက်များ၊ တိုက်ခန်းအိမ်ယာများ၊ ငွေတိုက်စာချုပ်များမှာလည်း ဝယ်ယူသူမရှိသလောက်ဖြစ်လာသည့်အပြင် မိုးကုတ်ရတနာမြေအတွက်ဆိုကာ အကွက်ဖော်ရောင်းချမှုမှာလည်း ဝယ်ယူသူမရှိခဲ့ချေ။

ထို့ပြင် NUG တွင် တာဝန်ယူထားသူများ၏ ငွေကြေးအလွဲသုံးစားလုပ်မှုများမှာလည်း မကြာခဏ ဝေဖန်ခံနေရသဖြင့် စစ်ရေးအတွက် အလှူခံရငွေများ မှန်မှန်ကန်ကန်အသုံးပြုရန် NUG ယာယီသမ္မတဒူဝါလရှီးလက မကြာခဏ သတိပေးနေရသည်။

Leave a Reply

Your email address will not be published. Required fields are marked *