၂၇. ၈. ၂၀၂၃

Written by Nyein Kyaw

သင်္ဃန်းမြို့နယ်၊ ဘဝမြင့်မှတ်တိုင်အနီး၊ Aladdin Men Fashion ဆိုင်မှ ဆန်တစ်ပြည် ၁၀၀ ကျပ်၊ ကြက်ဥ ၁၀ လုံးတစ်ကတ် ၁၀၀ ကျပ်ဖြင့် ကြက်ဥအလုံးရေ ၂၀၀၀ နှင့် ဆန် ၃၅၀ ပြည်ကို ယနေ့မနက် ၁၁ နာရီတွင် ရောင်းချပေးမှုကို လာရောက်တန်းစီသူများသဖြင့် ရောင်းချမှုကို ရပ်ဆိုင်းခဲ့ရသည်။

အဆိုပါ ရောင်းချမည့် နေရာသို့ သင်္ဃန်းကျွန်း၊ ရွှေပေါက်ကံ၊ လှိုင်သာယာ၊ ဒလ၊ တောင်ဒဂုံ စသည့်မြို့နယ်များအပြင် အခြားသော မြို့နယ်များမှလည်း လာရောက်တန်းစီခဲ့ခြင်းဖြစ်သည်။

“ရွှေပေါက်ကံ၊ လှိုင်သာယာကရော လာကြတာ။ ကိုယ်တွေကတော့ သင်္ဃန်းကျွန်းဆိုတော့ လူတန်းစီတာ မများလောက်ဘူးဆိုပြီး လာတာ။ လမ်းစရိတ်တောင် ရှုံးတယ်။ ပင်ပန်းတာပေါ့” ဟု လာရောက်တန်းစီသူ အမျိုးသမီးကြီးတစ်ဦးက ပြောသည်။

This image has an empty alt attribute; its file name is 370540439_168612916256191_4887623717848440683_n.jpg

ရောင်းချပေးရာတွင် တိုကင်ကို အရင်ဝေကာ တိုကင်ရရှိသူက လက်ဗွေနှိပ်ရကြောင်း၊ တိုကင်ရရှိပြီးသူများကိုလည်း မနက်ဖြန်မှသာ လာရောက်ဝယ်ယူရန် ပြောကြားခဲ့သော်လည်း လူရှင်းပါက ယနေ့တွင် ရောင်းချပေးမည်ဟု သိရသည်။

“နည်းနည်းပဲဆိုလည်း ဘာလို့ လိုင်းပေါ်တင်သေးလဲ။ ဓာတ်ပုံရိုက်တာခံရတာပဲ အဖက်တင်တယ်” ဟု တန်းစီနေသူများက ပြန်လည်တုန့်ပြန်ခဲ့ကြသည်။

ဆန်တစ်ပြည် ၁၀၀ ကျပ်၊ ကြက်ဥ ၁၀ လုံးတစ်ကတ် ၁၀၀ ကျပ်ဖြင့် ကြက်ဥအလုံးရေ ၂၀၀၀ နှင့် ဆန် ၃၅၀ ပြည် ရောင်းချပေးမည့် Aladdin Men Fashion ဆိုင်သို့ မနက်အစောပိုင်းကတည်းကပင် တန်းစီသူများခဲ့ပြီး လူဦးရေ ၂၀၀၀ ခန့်အထိ လာရောက်တန်းစီခဲ့သဖြင့် ရောင်းချပေးမည့် မနက် ၁၁ နာရီတွင် ရောင်းချပေးမည့် ပမာဏနှင့် လာရောက်တန်းစီသူမမျှတ၍ ရောင်းချမှု ရပ်ဆိုင်းခဲ့ရခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *