အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၆၃ ဦးနှင့် တွေ့ဆုံစဥ်

၃. ၁၀. ၂၀၂၂

Written by Thettant

ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် နောင်မိုင်ဒယ်နယ်မြေရှိ ကော်စက်ရုံမှ မြန်မာလုပ်သား ၆၃ ဦး အကြောင်းမဲ့ အလုပ်ထုတ်ခံရသဖြင့် အမှုဖွင့်ရန် ကြိုးစားနေကြောင်း တိုင်ကြားရေးယန္တရား-အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် နောင်မိုင်ဒယ်နယ်မြေရှိ ကော်စက်ရုံမှ မြန်မာအလုပ်သမား ၆၃ ဦးအား အကြောင်းမဲ့ အလုပ်ထုတ်ကြောင်း အကူညီတောင်းခံလာသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ ကိုရဲမင်းဦးဆောင်သော AAC မဟာမိတ်အဖွဲ့ ကူညီဖြေရှင်းပေးရန် တာဝန်ပေးအပ်ရာ အောက်တိုဘာ ၁၈ ရက်နေ့တွင် အလုပ်ရှင်နှင့် ညှိနှိုင်းသော်လည်း အဆင်မပြေသဖြင့် အလုပ်သမားဥပဒေပါ အကျိုးခံစားခွင့်ဖြစ်သည့် ကြိုတင်အကြောင်းမကြားသည့် နစ်နာကြေးနှင့် လုပ်သက်အလိုက် နစ်နာကြေးများရရှိစေရန် အလုပ်ရှင်အား ချွန်ပူရီခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးတွင် အမှုဖွင့်လှစ်နိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *