April 28, 2024

၁၄. ၈. ၂၀၂၃

Writer & Photo Tha Doe

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုဒေသ၌ ဩဂုတ် ၁၄ ရက်မှ ၂၀ ရက်ထိ ကျင်းပပြုလုပ်မည့် နိုင်ငံတကာစစ်ဖက်နည်းပညာဖိုရမ် (International Military- Technical Forum “ARMY 2023”) ကို ယနေ့ ဒေသစံတော်ချိန် ၁၁ နာရီတွင် စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ Army 2023 ပြပွဲကို Patriot Congress and Exhibition Center တွင် ပြုလုပ်နေခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၆၀ ခန့်ပါဝင်တက်ရောက်နေကာ ရုရှားစစ်ဖက်နှင့် စက်မှုကုမ္ပဏီ ၁၅၀၀ ခန့်ကလည်း ထိုပြပွဲတွင် စစ်ဖက်ဆိုင်ရာလက်နက်ပစ္စည်းများကို ပြသနေသည်။ ထို့အတူ နိုင်ငံခုနစ်ခုမှ နိုင်ငံခြားကုမ္ပဏီ ၈၅ ခုကလည်း ပူးပေါင်းပါဝင်မည်ဖြစ်သည်။

This image has an empty alt attribute; its file name is 366996345_161058943678255_564963791777935766_n-1024x768.jpg

အဆိုပါ Army 2023 နှင့်အတူ (၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံ (XI Moscow Conference on International Security)ကိုလည်း ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေကြောင်း သိရသည်။

ထိုညီလာခံတွင် ရုရှားတပ်မတော် ခေါင်းဆောင်များနှင့် နိုင်ငံခြား မိတ်ဖက်များအကြား နှစ်ဖက်တွေ့ဆုံပွဲများ ပြုလုပ်ရန် စီစဉ်ထားသည်။ နိုင်ငံရပ်ခြားမှ ကိုယ်စားလှယ်အဖွဲ့များသည် စစ်ဖက်ဆိုင်ရာနည်းပညာသိပ္ပံနှင့် စီးပွားရေးဆိုင်ရာ အစီအစဉ်များတွင်လည်း ပါဝင်မည်ဖြစ်သည်။

This image has an empty alt attribute; its file name is 367469938_161058663678283_7572133123180222372_n-1024x768.jpg

ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏အဆိုအရ ဖိုရမ်တွင် ရူဘယ် ၄၃၃ ဘီလျံ (ဒေါ်လာ ၄ ဒသမ ၃၄ ဘီလျံ) ကျော်တန်ဖိုးရှိ စာချုပ်များကို လက်မှတ်ရေးထိုးမည်ဖြစ်သည်။

ယခုနှစ်တွင် ဖိုရမ်၏ ပြပွဲဧရိယာသည် စတုရန်းမီတာ ၃၀၀,၀၀၀ ခန့် ကျယ်ဝန်းမည်ဖြစ်ပြီး၊ စစ်ဖက်သုံးပစ္စည်းနမူနာ ၂၈,၀၀၀ ခန့်ကို ခင်းကျင်းပြသမည်ဖြစ်သည်။

This image has an empty alt attribute; its file name is 367483490_161060330344783_9145270172116447577_n-1024x768.jpg

ဩဂုတ် ၁၄ ရက်နေ့ ပြပွဲတွင် အသစ်ထုတ်လုပ်သည့် ကျည်ကာအင်္ကျီများ၊ နောက်ဆုံးပေါ် ဒုံးကျည်များ၊ နောက်ဆုံးပေါ် ရုရှားအမြောက်ပစ်စနစ်များ၊ MiG- 35 တိုက်လေယာဥ်၊ ရေငုပ်သင်္ဘောများ၊ တော်ပီဒိုများ အစရှိသည့်လက်နက်များကို ပြသခဲ့သကဲ့သို့ မိတ်ဖက်နိုင်ငံများမှ သတင်းမီဒီယာများကိုလည်း နောက်ဆုံးပေါ်စစ်လက်နက်ပစ္စည်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ရုရှားစံတော်ချိန်ညနေ ၆ နာရီတွင် ပထမနေ့ Media Tour အစီအစဥ်ပြီးဆုံးမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *