၁၅. ၈. ၂၀၂၃
Written by Ye Kyaw

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာမှုမရှိသည့် နိုင်ငံခြားငွေများ ဝယ် ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) ရရှိထားသည့် ကုမ္ပဏီ ၁၃ ခု၏ လိုင်စင်များအား အမှု ဆောင်ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ ဩဂုတ်လ ၁၄ ရက်မှစ၍ ရုပ်သိမ်းလိုက်ကြောင်း ဗဟိုဘဏ်က အသိ ပေးကြေညာထားသည်။

လိုင်စင်ရုပ်သိမ်းခံရသည့် ကုမ္ပဏီ ၁၃ ခုမှာ Prime Residence Co.,Ltd၊ West Line Co.,Ltd၊ IMA Co.,Ltd၊ Great Father Great Sons General Trading Co.,Ltd၊ Gold Foil Co.,Ltd၊ Big Lion Gems Co.,Ltd၊ Global International Investment & Development Co.,Ltd၊ World Fortune International Finance Group Shares Co.,Ltd၊ Myat Nan Yone Services Co.,Ltd၊ LP Holding Co.,Ltd၊ Golden Myanmar Asia Crown Travels & Tours Co.,Ltd၊ Yangon KSA Travels & Tours Co.,Ltd၊ Balance Co.,Ltd တို့ဖြစ်ကြောင်း ဗဟိုဘဏ်က ဖော်ပြထားသည်။

ငွေကြေးဈေးကွက်တွင် နိုင်ငံခြားငွေကြေးဈေးကစားသူများသည် ကောလာဟလသတင်းအမျိုးမျိုးထုတ်လွှင့်ပြီး ငွေကြေးဈေးကွက် ကမောက်ကမဖြစ်စေရန် လှုံ့ဆော်နေမှုများရှိကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားထားပြီး လက်ရှိတွင် ပြင်ပငွေကြေးဈေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃,၆၀၀ ကျော်အထိ မြင့်တက်နေခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည် ကျပ် ၃၇ သိန်းကျော်သို့ မြင့်တက်နေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *