၃. ၁၁. ၂၀၂၂

Written by Nay Moe

NUG အစိုးရအား အသိအမှတ်ပြုပေးရန် လက်မှတ်ငါးသိန်းကျော်ကောက်ခံ၍ တောင်းဆိုထားမှုကို ငြင်းပယ်ခဲ့သည့် နယူးဇီလန်နိုင်ငံက SAC အစိုးရဖြင့် ပြန်လည်ဆက်ဆံရေးအတွက် မြန်မာနိုင်ငံတွင် သံရုံးပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေပြီဖြစ်သည်။

နယူးဇီလန်နိုင်ငံအစိုးရက NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရေး မြန်မာ့ဒီမိုကရေစီအရေးကြိုးပန်းသူများက တောင်းဆိုသော လက်မှတ်စုစုပေါင်း ၅၂၄,၀၃၂ ရရှိခဲ့ပြီး ယင်းလက်မှတ်များကို နယူးဇီလန်ပါလီမန်သို့ အခမ်းအနားဖြင့် ၂၀၂၁ ဩဂုတ်လ ၉ ရက်တွင် ပေးအပ်ခဲ့ပြီးနောက် NUG အစိုးရကို အသိအမှတ်ပြုရန် တောင်းဆိုမှုကို ၂၀၂၂ ခုနှစ် အောက်တိုဘာတွင် ပယ်ချခဲ့ပြီးနောက် မြန်မာနိုင်ငံတွင်ပါ SAC အစိုးရနှင့် ပြန်လည်ဆက်ဆံရန် ကြိုးပမ်းလာခြင်းဖြစ်သည်။

NUG ကို မြန်မာတရားဝင်အစိုးရအဖြစ် နယူးဇီလန်က အသိအမှတ်ပြုကြောင်း တောင်းဆိုသည့် အသနားခံစာကို လွှတ်တော်သို့တင်ခဲ့သည့် Democracy for Myanmar Working Group- New Zealand မှ ဒေါ်တင်မမဦးကလည်း” NUG ကို နယူးဇီလန်အစိုးရက တရားဝင် အသိအမှတ်မပြုတဲ့အတွက် ဝမ်းနည်းကြေကွဲစရာဖြစ်ခဲ့ပေမဲ့လည်း နယူးဇီလန်အစိုးရက လုပ်သင့်တာတွေကို လုပ်နေပါတယ်”ဟု မှတ်ချက်ပြုခဲ့သည်။

၂၀၂၁ ဖေဖော်ဝါရီဖြစ်စဉ်ကြောင့် သံရုံးဝန်ထမ်းများကို ပြန်လည်ခေါ်ယူခဲ့သည့် နယူးဇီလန်နိုင်ငံသည် ရပ်နားထားသော သံတမန်ဆက်ဆံရေးကို ပြန်လည်စတင်ရန် ကြိုးစားလာမည်ဖြစ်သော်လည်း သံအမတ်ကြီးအဆင့်ထားရှိမည်မဟုတ်ဘဲ သံရုံးယာယီတာဝန်ခံကိုသာ အဆင့်လျှော့ချစေလွှတ်မည်ဖြစ်သည်။ လက်ရှိတွင် သံရုံးယာယီတာဝန်ခံအဖြစ် တိုင်ဝမ်၊ ဟောင်ကောင်နှင့် အာဆီယံအတွက် နယူးဇီလန်ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့သူ Ms.Stephanie Lee က တာဝန်ယူမည်ဖြစ်ပြီး SAC အစိုးရထံမှ ခွင့်ပြုပေးမည့် ပြည်ဝင်ခွင့်ကို စောင့်ဆိုင်းနေသည်။

ထို့ပြင် နယူးဇီလန်နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန(MFAT) ၏ အာရှဆိုင်ရာလက်ထောက်အတွင်းဝန် Ms.Deborah Geels ကလည်း အဆင့်မြင့်သံတမန်တစ်ဦးအား ရန်ကုန်မြို့သို့ စေလွှတ်ရန်ကြိုးစားမှုမှာ နယူးဇီလန်နိုင်ငံ၏ အဓိကဦးစားပေးလုပ်ငန်းလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref, The Stuff

Leave a Reply

Your email address will not be published. Required fields are marked *