၁၉. ၈. ၂၀၂၃
Written by Naing Thuta
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မြို့မအရှေ့ရပ်ကွက်၊ (၁၄)လမ်းရှိ ထမင်းဆိုင်တစ်ဆိုင် အပါအဝင် ဆိုင်ခန်းနှစ်ခန်းမီးလောင်ကျွမ်းခဲ့မှု ဩဂုတ်လ ၁၈ ရက် ညသန်းခေါင်ကျော်၊ ဩဂုတ်လ ၁၉ ရက်သို့ အကူးအချိန်တွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။
မီးစတင်လောင်ကျွမ်းရခြင်းမှာ ထမင်းဆိုင်ရှိ ရေခဲသေတ္တာ Safeguard အပူလွန်ကဲရာမှ စတင်ခဲ့ခြင်းဖြစ်ပြီး ၎င်းထမင်းဆိုင်နှင့် ဘေးရှိ ဆိုင်ခန်းတစ်ခန်းပါ မီးလောင်သွားကြောင်း သိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ ဖြူးမြို့နယ် မီးသတ်စခန်း၊ ဇေယျဝတီနယ်မြေ မီးသတ်စခန်း၊ ၁၁၅ မိုင်အမြန်လမ်းမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအသင်းအဖွဲ့တို့မှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မနက် ၀၀ နာရီ ၃၅ မိနစ်ခန့်(ည ၁၂ နာရီ ၃၅ မိနစ်)တွင် မီးငြိမ်းသွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးများအား မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

