ဓာတ်ပုံ - MFSD နှင့် အားမာန်လူငယ်ပရဟိတအသင်း

၁၈. ၈. ၂၀၂၃
Written by Nyein Kyaw

ယနေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်တွင် အလူမီနီယံဆာလဖိတ် ယိုစိမ့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၁၈ ရက် ညနေ ၆ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းတွင် အလူမီနီယံဆာလဖိတ် ယိုစိမ့်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မီးသတ်တပ်ဖွဲ့များနှင့် ပရဟိတအသင်းများက ကူညီရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရခြင်းဖြစ်သည်။

This image has an empty alt attribute; its file name is IMG_3270.jpeg

“သူတို့က ဓာတ်ခွဲခန်းလိုပုံစံမျိုး ကျောင်းဖြစ်မယ်နဲ့တူတယ်။ အဲဒီအထဲမှာ ပုံးတွေ၊ ပီပါတွေပေါ့ အဲဒီကနေ ယိုစိမ့်တာ။ ဒါကိုသိလို့ မီးသတ်တပ်ဖွဲ့ကို အနားကလူတွေက အကြောင်းကြားတာပါ” ဟု ဖြစ်စဉ်သို့ သွားရောက်ကူညီပေးခဲ့သည့် အားမာန်လူငယ်ပရဟိတအသင်းမှ တာဝန်ရှိသူက ပြောသည်။

This image has an empty alt attribute; its file name is IMG_3269.jpeg

ကမာရွတ်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ Ventilator မီးသတ်ယာဉ် (၁)စီး၊  သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းကြောင့် ည ၈ နာရီတွင် ရှင်းလင်းရေးလုပ်ငန်းများ ပြီးစီးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – MFSD နှင့် အားမာန်လူငယ်ပရဟိတအသင်း

Leave a Reply

Your email address will not be published. Required fields are marked *