၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ခဲ့မှုကို တွေ့ရစဉ်

၁၇. ၈. ၂၀၂၃
Written by Nyein Kyaw

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခြင်းအတွက် ဩဂုတ်လ ၂၅ ရက်မှစ၍ စက်တင်ဘာ ၁၀ ရက်အထိ ပိတ်ရက်မရှိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌနမှ အသိပေးကြေညာထားသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန်အတွက် မိမိတို့စာမေးပွဲဖြေဆိုခဲ့သော စာစစ်ဌာနကြီးကြပ်ရေးမှူးများ (အခြေခံပညာ အထက်တန်းကျောင်းအုပ်ကြီးများ) ထံတွင် အမှတ်စာရင်း၊ အရည်အချင်းမှတ်တမ်းချုပ် ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့် ပုံစံစာအိတ်ကို ဩဂုတ်လ ၂၅ ရက် (သောကြာနေ့)မှစ၍ ကိုယ်တိုင်ထုတ်ယူရန်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

အဆိုပါ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာအိတ်ကို ဩဂုတ်လ ၂၅ ရက်မှစတင်၍ စက်တင်ဘာ ၁၀ ရက်အထိ စနေ့နေ့၊တနင်္ဂနွေနေ့နှင့် ရုံးပိတ်ရက်များ အပါအဝင် (ပိတ်ရက်မရှိ) သက်ဆိုင်ရာတက္ကသိုလ်များတွင် လက်ခံမည်ဖြစ်သည်။

လက်ခံပေးမည့် တက္ကသိုလ်များမှာ မြစ်ကြီးနားတက္ကသိုလ်၊ လွိုင်ကော်တက္ကသိုလ်၊ ဘားအံတက္ကသိုလ်၊ ဟားခါးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ ရွှေဘိုတက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်၊ ထားဝယ်တက္ကသိုလ်၊ တောင်ငူတက္ကသိုလ်၊ ပြည်တက္ကသိုလ်၊ ပဲခူးတက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်၊ စစ်တွေတက္ကသိုလ်၊ တောင်ကုတ်တက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ လားရှိုးတက္ကသိုလ်၊ ကျိုင်းတုံတက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်၊ မအူပင်တက္ကသိုလ်တို့ ဖြစ်သည်။

သတ်မှတ်ရက်ကျော်လွန်မှ လျှောက်ထားသူများသည် အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန် ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်သို့ ပေးပို့လျှောက်ထားရမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်) ဖုန်း-၀၁၇-၅၃၇၆၇၇၊ ၀၁၇-၅၂၅၆၁၂ နှင့် ၀၁၇-၅၀၃၁၄၇ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း အသိပေးကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *