၁. ၁၁. ၂၀၂၂

Written by Thi Ha

၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့တွင် ပထမနှစ် (ပထမနှစ်ဝက်) သင်တန်းများကို စတင်ဖွင့်လှစ်မည်ဖြစ်ပြီး တက်ရောက်ခွင့်လျှောက်ထားသူများ သင်ကြားခွင့်ရရှိမည့် အဓိဘာသာနှင့် တက်ရောက်ခွင့်ရမည့် တက္ကသိုလ်ကို သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ် အသီးသီးနှင့် Online ဝဘ်ဆိုက် များတွင် နိုဝင်ဘာ ၃ ရက်နေ့၌ ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာလ ၉ ရက်နေ့မှစတင်ပြီး ကျောင်းဝင်ခွင့် မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့အထိ (စနေနှင့် တနင်္ဂနွေ)နေ့များအပါအဝင် လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၄၆ ဒသမ ၈၈ ရာခိုင်နှုန်းကျော်ရှိပြီး ဝင်ရောက်ဖြေဆိုသူ ၂၈၁၀၀၀ ကျော်နှင့် အောင်မြင်သူ ၁၃၂၀၀၀ ဦးရှိကြောင်း မြန်မာနိုင်ငံစာစစ်ဌာန (ဗဟို)က ယခုနှစ် ဇွန် ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *