ပြည်တွင်းဈေးကွက်တွင်ရောင်းချနေသည့် SKD Toyota ကားတစ်စီးအား တွေ့ရစဉ်

၁. ၁၁. ၂၀၂၂

Written By A Thaung

ပြည်ပမှ အစိတ်အပိုင်းတင်သွင်းပြီး ပြည်တွင်း၌တပ်ဆင်ရောင်းချသည့် SKD ကားများအား ဦးစားပေးအနေဖြင့် တင်သွင်းရောင်းချခွင့်ပြုထားပြီး အလုံးလိုက်တင်သွင်းရောင်းချသည့်ကားများအပေါ် တင်သွင်းရောင်းချခွင့်မပြုသေးကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက MT News သို့ ပြောသည်။

ပြည်တွင်းဒေါ်လာငွေလိုအပ်ချက်ကြီးမားလာပြီး စီးပွားရေးယိမ်းယိုင်မည့်အခြေအနေများကြောင့် ပြည်ပမှ မော်တော်ကားနှင့် အခြားပစ္စည်းများတင်သွင်းခွင့် ယာယီပိတ်ထားပြီးနောက် ယခုအချိန်တွင် အချို့ကိစ္စများအား ဖြေလျော့မှုများပြုလုပ်နေခြင်းဖြစ်သည်။

“SKD ကတော့ပေးနေပြီလေ။ ကျန်တာတွေကတော့ မပေးသေးဘူး”ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောသည်။

ပြည်တွင်းတွင် အစိတ်အပိုင်းအလိုက်တင်သွင်းပြီး တပ်ဆင်ရောင်းချခွင့်ရှိသည့် SKD ကားကုမ္ပဏီအချို့ Pre-Order များလက်ခံနေပြီး လာမည့်နှစ် ဖေဖော်ဝါရီတွင် ကားများရောက်လာမည်ဖြစ်ကြောင်း သိရသည်။

SKD စနစ်ဖြင့် ထုတ်လုပ်ရောင်းချမည့် Toyota ကုမ္ပဏီကလည်း Double Cab ကားနှစ်မျိုးအား ပြည်တွင်းဈေးကွက်အတွင်း ရောင်းချနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *