၁၄. ၈. ၂၀၂၃
Written by Phyo Wei

PDF တွေ ဖွဲ့စည်းပြီး အင်အားတောင့်တင်းလာတဲ့ NUG ဟာ ဒေသန္တရကာကွယ်ရေးတပ် LPDF တွေကို ခိုလှုံတာလည်း လက်မခံ၊ ထောက်လည်းမထောက်ပံ့၊ တစ်ဂူတည်းလည်း ခြင်္သေ့နှစ်ကောင်မအောင်းဘဲ အမြစ်ဖြတ်တိုက်ခိုက်ဖို့ ကြိုးပမ်းနေတာကြောင့် MRDA က ဗိုလ်နဂါးလိုအဖွဲ့ဟာ သီးခြားတော်လှန်ရေးတပ်ဖော်ဆောင်ဖို့လုပ်လာနေတာကို တွေ့မြင်ရပြီး PDF နဲ့ LPDF တွေကြား ပွတ်တိုက်မှုအားကောင်းလာတဲ့ ဖြစ်စဥ်တွေရှိခဲ့တဲ့ ဒီရက်သတ္တပတ်မှာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီတက်လာခဲ့တဲ့ NLD ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို ပါတီကထုတ်ပယ်တယ်လို့ ပြည်ပရောက် NLD ပါတီဝင်တချို့က စာထုတ်ခဲ့တာ တွေ့ရပါတယ်။

အခြားတစ်ဖက်မှာလည်း အိန္ဒိယဟာ မြန်မာအစိုးရနဲ့ ဒီနှစ်ထဲမှာ ကမ်းရိုးတန်းသင်္ဘောသွားလာရေးစာချုပ်ရေးထိုးပြီး ဆက်ဆံရေးပိုနီးကပ်ဖို့ ကြိုးပမ်းနေသလို အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားဟာလည်း ​စိန်ခေါ်မှုအများကြီးရှိတဲ့ မြန်မာ့နိုင်ငံရေးဟာ ပါဝင်နေတဲ့အဖွဲ့တွေအကုန် နိုင်ငံရေးဆန္ဒရှိရင် လက်ရှိအခက်အခဲတွေ ပြေလည်သွားမယ်လို့ ဖွင့်ဟလာတဲ့ဒီရက်သတ္တပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ ချောင်းဦးပကဖတို့၊ ဆောပကဖတို့ PDF တွေရဲ့ မုဒိမ်းလူသ-တ်မှုအပြီး ထပ်ပေါ်လာတဲ့ မြင်းခြံ PDF MG6 အဖွဲ့နဲ့ Monywa Force PDF တွေရဲ့ လူသ-တ်ဓားပြမှု ၁၀၀ ကျော်အကြောင်း၊ စံချိန်တင်မြင့်တက်ပြီးရင်း တက်နေတဲ့ မိုင်းပေါက်ကွဲမှုတွေအကြောင်းနဲ့ ပြည်သူ့ဘဝတိုးတက်မှုနှေးကွေးအောင်လုပ်နေရင် ရွေးကောက်ပွဲပါနှေးကွေးမယ်လို့ ပြောလာတဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။

“မုဒိမ်းမှု လူသ-တ်မှုတွေ ကျုးလွန်အပြီး ထပ်ပေါ်လာပြန်တဲ့ PDF တွေရဲ့ လူသ-တ်ဓားပြမှု”

ချောင်းဦးနဲ့ ဆော PDF တွေရဲ့ မုဒိမ်းလူသ-တ်မှုအပြီးမှာ ကျော်မကောင်းကြားမကောင်းထပ်ပေါ်လာပြန်တာက မြင်းခြံခရိုင် တပ်ရင်း(၅) PDF အဖွဲ့က လူသ-တ်ဓားပြမှု ၁၀၀ ကျော် ကျုးလွန်ထားတယ်ဆိုပြီး ခေါင်းဆောင်ဖိုးချမ်းကို ပစ်သ-တ်၊ ကျန်တဲ့ငယ်သားတွေကို ရေစကြိုပကဖနဲ့ ရေစကြိုရေလယ်ကျွန်းတပ်ပေါင်းစုက လက်နက်ဖြုတ်သိမ်းတဲ့ဖြစ်စဥ်ပါ။

MG 6 ပြောက်ကျားတပ်လို့ အမည်ပေးထားတဲ့ မြင်းခြံ PDF တပ်ဟာ လူသ-တ်ဓားပြမှု ၁၀၀ ကျော်ကို ကျုးလွန်ခဲ့တယ်လို့ ဖိုးချမ်းကို ပစ်သ-တ်ပြီး လက်နက်ဖြုတ်သိမ်းတဲ့ ရေစကြိုပကဖက ပြောရာမှာ အင်မတန်ဆိုးရွားတဲ့အချက်အဖြစ် ဖိုးချမ်းတို့ MG6 PDF အဖွဲ့ဟာ Without ကားတစ်စီးဝယ်ပြီး ပိုက်ဆံမပေးချင်တာနဲ့ ကားလာပို့တဲ့သူ သုံးဦးနဲ့ ရဟန်းသံဃာတစ်ပါးကို ပစ်သ-တ်ခဲ့သေးတာပါ။ ဒါ့အပြင်လည်း မြင်းခြံမြို့ အမှတ်(၇) ရပ်ကွက် စည်ပင်သာယာစျေးမြောက်ဘက်က နီနီလွင်ရွှေဆိုင်ကို ဇွန်လ ၈ ရက်နေ့မှာ MG6 ပြောက်ကျားတပ်က ဓားပြတိုက်ချိန်မှာလည်း ဆိုင်ရှင်ဦးဇော်နိုင်ထွန်းကို ပစ်သ-တ်ခဲ့ပါသေးတယ်။ ဒီဖြစ်ရပ်တွေကြည့်ရင် PDF တွေဟာ လူသ-တ်ဓားပြတိုက်မုဒိမ်းမှုကျုးလွန်ရုံတင်မက ဗုဒ္ဓဘာသာတွေရဲ့ အထွတ်အမြတ်သံဃာကိုတောင် ငွေမပေးချင်တာလေးတစ်ခုနဲ့ အလွယ်သ-တ်ပစ်တာကို တွေ့ရပါတယ်။

ထပ်ပြီးရုပ်ဆိုးတဲ့ဖြစ်စဥ်ကလည်း ဒီရက်ပိုင်းမှာပဲ ပေါ်လာခဲ့ပြီး အဲဒီဖြစ်စဥ်ကတော့ မုံရွာမှာမွေးဖွားလုနီးကိုယ်ဝန်သည် မအေးငြိမ်းသူကို လူ ၇ ယောက်က ​ဩဂုတ် ၁၀ ရက် နေ့လယ် ၃ နာရီမှာ ဓားပြတိုက်ရင်း ပစ်သ-တ်သွားခဲ့လို့ အသက် ၂ ချောင်းပေးခဲ့ရတာပါ။ အဲဒီဖြစ်စဥ်ဟာလည်း PDF တွေ ကျုးလွန်တာပါပဲ။ ဒီဖြစ်စဥ် လူထုကြားပျံ့နှံ့လာလို့ ၇ နာရီမပြည့်ခင် NUG ဩဇာခံ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MPDF) က Ezue Aki အကောင့်ပိုင်ရှင်(အားကူး) မအေး​ငြိမ်းသူကို သ-တ်တဲ့တရားခံတွေမိပြီဆိုပြီး Live လွှင့်ခဲ့တာပါ။ အဲဒီဖြစ်စဥ်မှာလည်း တောထဲမှာနေတဲ့ MPDF အဖွဲ့က မုံရွာမြို့ပေါ်မှာဖြစ်တဲ့ ဓားပြတရားခံကို ချက်ခြင်းဖမ်းမိတာ၊ မအေးငြိမ်းသူကို သ-တ်ဖြတ်ဓားပြတိုက်ဖို့ လက်ထောက်ချသတင်းပေးတဲ့ မမီစံဆိုတဲ့အမျိုးသမီးနာမည်ကို အပြောမခံတာ၊ အဆုံးသတ်မှာ “စောက်တော်လှန်ရေးကို ပုံဖျက်နေတဲ့ကောင်တွေ” လို့ ပြောခဲ့တာ။ Live ကို ချက်ခြင်းပြန်ဖျက်ချသွားတာ စတာတွေကြောင့် ဒီလုပ်ရပ်ကို PDF တွေလုပ်သလား အမေးခံခဲ့ရတာပါ။ ဒီလိုအမေးခံရပေမဲ့ MPDF တွေဘက်က ထပ်ပြီးတော့ မရှင်းတော့ပါဘူး။ လူသ-တ်ဓားပြမှုကျုးလွန်တဲ့တရားခံတွေကို ဘယ်လိုအရေးယူလဲဆိုတာ ဘယ်သူမှမသိရတော့ပါဘူး။ ရှေ့မှာလည်း လူ ၂၀ ကျော်သ-တ်တဲ့ ဗိုလ်သံမဏိတို့ ယင်းမာပင် PDF ကို အရေးမယူတာ၊ ရန်ကုန်တက္ကသိုလ်က CDM တွဲဘက်ပါမောက္ခတစ်ယောက်ရဲ့ ငါးနှစ်သမီးကို မုဒိမ်းကျင့်တဲ့ တွံ့တေး NLD ပါတီအတွင်းရေးမှူးအောင်မင်းကို NUG က အဖမ်းပြပြီး လွှတ်ပေးတာ၊ ကလေးတွေနဲ့ အမျိုးသမီး ၇ ဦးကို သ-တ်ဖြတ်မုဒိမ်းကျင့်တဲ့ ချောင်းဦးပကဖ လေးဦးက ခေါင်းဆောင်ကို ထွက်ပြေးတယ်ဆိုပြီးလွှတ်ပေးလိုက်တာ၊ တမူးက မအေးမာထွေးကို လူမြင်ကွင်းမှာပစ်သ-တ်တဲ့ PDF ဂျပန်ကြီးလင်မယားကို အရေးမယူတာတွေကြောင့် အခုမုံရွာကိုယ်ဝန်သည်သ-တ်မှုတရားခံတွေကလည်း အရေးယူခံရမဲ့အခြေအနေမရှိဘဲ လူမြင်ကောင်းအောင် အားကူးတို့က အဖမ်းပြတဲ့သဘောပါ။

ထပ်ပြီးသိရတာကတော့ မအေးငြိမ်းသူကို သ-တ်ဖြတ်တဲ့ လူ ၇ ဦးဟာ ကျွဲကြီးဆိုတဲ့သူခေါင်းဆောင်တဲ့ Monywa Force ဆိုတဲ့ နာမည်နဲ့လှုပ်ရှားတဲ့ PDF တွေပါ။ ဒါကြောင့်လည်း အားကူး(Ezue Aki)တို့အဖွဲ့က ချက်ခြင်းဖမ်းနိုင်ခဲ့ပြီး ဒလန်လို့ သတင်းပေး လက်ထောက်ချတဲ့ မမီစံဆိုတဲ့အမျိုးသမီးနာမည်ကို အားကူးက အပြောမခံခဲ့တာပါ။ မမီစံဆိုတဲ့ အမျိုးသမီးဟာ မအေးငြိမ်းသူတို့ အိမ်ပတ်ဝန်းကျင်ကလို့လည်း သတင်းထွက်နေတာကြောင့် သူ့ကို ဖမ်းဆီးနိုင်ခဲ့ရင် အဖြေပေါ်မှာပါ။

သေချာတာကတော့ မတစ်ထောင်သားတွေ သေနတ်ကိုင်ပြီး ထိန်းကွပ်မဲ့သူမရှိတဲ့ PDF တွေဟာ မုဒိမ်း၊ လူသ-တ်မှုတွေကို လွယ်လင့်တကူကျုးလွန်လာနေပြီဖြစ်ပြီး အလုပ်မလုပ်တဲ့လူငယ်လူရွယ် ၁ သိန်းကျော် PDF ဖြစ်လာချိန်မှာ သူတို့ စားဝတ်နေရေးနဲ့ လက်နက်ကိုင်တိုက်ပွဲဆင်နွှဲဖို့ဟာ အလှူခံစားရုံနဲ့မလုံလောက်ပါဘူး။ ဒါကြောင့်လည်း PDF တွေက အဖွဲ့အစည်းအလိုက်ရပ်တည်ဖို့ ဓားပြတိုက်ရင်း၊ လူသ-တ်ရင်း မုဒိမ်းကျင့်မှုတွေ ဆက်တိုက်ဖြစ်လာနေတဲ့သဘောပါ။

“စံချိန်တင်မြင့်တက်လာတဲ့ မိုင်းပေါက်ကွဲမှု”

မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့် ၂၀၂၂ ခုနှစ် ပထမခြောက်လမှာ ထိခိုက်သေဆုံးသူအရေအတွက်ဟာ လူ ၃၉၀ ပဲရှိခဲ့ပေမဲ့ ၂၀၂၃ ပထမခြောက်လမှာတော့ ထိခိုက်သေဆုံးမှု ၁၄၃ ရာခိုင်နှုန်းမြင့်တက်လာပြီး သေဆုံးဒဏ်ရာရသူအရေအတွက်ဟာ ၅၅၆ ဦး ဖြစ်လာပါတယ်။ အဲဒီ ထိခိုက်သေဆုံးသူ ၅၅၆ ဦးဟာ သာမန်ပြည်သူတွေစာရင်းဖြစ်ပြီး သေဆုံးသူ ၁၀၂ ဦးနဲ့ ဒဏ်ရာရသူ ၄၅၄ ဦးမှာ ပိုပြီးစိတ်မကောင်းစရာက သေဆုံးရတဲ့ ၁၀၂ ဦးထဲ ကလေးငယ် ၂၆ ဦးပါနေပြီး ဒဏ်ရာရတဲ့ ၄၅၄ ဦးထဲမှာလည်း ကလေးငယ် ၅၄ ဦးပါလာနေတာပါ။

၂၀၁၂ ကနေ ၂၀၂၁ အထိ NLD ပါတီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ပါဝင်ဆင်နွှဲနေစဥ်က မြန်မာပြည်မှာ မိုင်းပေါက်လူသေမှုဆိုတာ ကြားတောင်မကြားဖူးခဲ့ပေမဲ့ NLD ပါတီဟာ ဥပဒေကိုကျောခိုင်း၊ တချို့ပါတီဝင်တွေက CRPH, NUG, PDF ဆိုပြီး လက်နက်ဆွဲကိုင်လာချိန်မှာတော့ မြန်မာပြည်တစ်ပြည်လုံးဟာ မိုင်းကျင်းတွေချည်းဖြစ်လာသလို PDF တွေ မိုင်းခွဲတဲ့ ၉၀ ရာခိုင်နှုန်းလောက်ကလည်း ပြည်သူကြားဖြစ်နေတာပါ။ လက်နက်ကိုင်ချင်းတိုက်တဲ့ပွဲမှာ လက်နက်ကိုင်ကိုဦးတည်မတိုက်ဘဲ မတည်ငြိမ်ဘူးဆိုတာ ပြချင်ရုံနဲ့ သာမန်ပြည်သူလူထုကြားမှာ မိုင်းပစ်မိုင်းခွဲတာ အလွန်မှားယွင်းတဲ့ လုပ်ရပ်ပါ။ ပြီးတော့ ခဲ၊ ယမ်း၊ ကျည်ဆံမှာ အသိဉာဏ်မပါတာမို့လို့ PDF တွေ ပြည်သူကြား ပစ်တဲ့မိုင်းကလည်း ပြည်သူသေစေတာပါပဲ။ PDF ထောက်ခံသူမို့လို့ မိုင်းကမထိဘူး၊ မမှန်ဘူး၊ မသေဘူးဆိုတာမရှိသလို NUG နဲ့ PDF တွေကလည်း သူတို့ပစ်တဲ့မိုင်းတွေ၊ ကျည်တွေ၊ ဗုံးတွေက NLD တို့ NUG တို့ PDF တို့ ထောက်ခံလှူတန်းနေရင် မထိတဲ့ ပေါက္ခရဝဿရလက်နက်ဆန်းတွေ မထုတ်လုပ်တတ်ပါဘူး။

“ရွေးကောက်ပွဲနှောင့်နှေးစေတဲ့ ပြည်သူ့လူမှုဘဝ နှောင့်နှေးမှုလုပ်ရပ်”

NUG ယာယီသမ္မတ ဒူဝါလရှီးလဟာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ သူတို့က စစ်တပ်နဲ့ဆက်နွှယ်တဲ့ လူ ၃၀၀၀၀ ကျော် သ-တ်ထားပြီးပြီလို့ Reuters Next အစီအစဥ်မှာ ကမ္ဘာသိအောင် ဖြေဆိုထားပြီးသားပါ။ အဲဒီလို လူ ၃၀၀၀၀ ကျော်ထဲမှာ “သူလျှို၊ ဒလန်၊ နစကယန္တရားလည်ပတ်အောင်လုပ်ပေးသူ”ဆိုတဲ့ စွပ်စွဲချက်နဲ့ သ-တ်ဖြတ်ခံထားရတာက ၆၀၀၀ အထက်ပါတယ်လို့လည်း SAC စာရင်းတွေ၊ ISP Myanmar စာရင်းတွေက သက်သေပြထားပါတယ်။ ဒါ့အပြင် အခု ဩဂုတ်လဆန်းပိုင်းမှာ ခေါင်း​ဆောင်ကို သ-တ်ပြီး လက်နက်ဖြုတ်သိမ်းခံတဲ့ MG6 PDF တစ်ဖွဲ့တည်းကတောင် လူသ-တ်ဓားပြမှု ၁၀၀ ကျော်ပါ။ ဒါဆိုရင် PDF အဖွဲ့ ၄၀၀ ကျော်၊ LPDF ၂၀၀ ကျော်ဆို လူသ-တ်ဓားပြမှုတွေ ဘယ်လောက်များနေမလဲ တွေးနိုင်သလို “အလုံးစုံပျက်သုဥ်းရေးမူအောက်မှာ ပြည်သူကိုတိုက်ရိုက်ထိခိုက်တဲ့ လမ်းတွေ၊ တံတားတွေ၊ ကျောင်းတွေ၊ လျှပ်စစ်ရုံးတွေ ထောင်ချီကိုလည်း ဗုံးတွေခွဲထားကြပါသေးတယ်။ တစ်ဖက်မှာလည်း SAC ကြောင့်သေတဲ့စာရင်းဟာ လူ ၄၀၀၀ နီးပါးရှိပြီလို့ AAPP က စွပ်စွဲချက်လည်း ရှိပါသေးတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ဩဂုတ်လအထိ လပေါင်း ၃၀ အတွင်းမှာ ပြည်သူ ၄၀၀၀၀ လောက် သေကြေခဲ့သလို အစိုးရတစ်ရပ်ပိုင်တာမဟုတ်တဲ့ နိုင်ငံပိုင်အဆောက်အအုံတွေ၊ လမ်းတံတားတွေ ထောင်ချီပျက်စီးခဲ့ရပါပြီ။ ဒါတွေဟာ ပြည်သူ့ဘဝမတည်ငြိမ်ရေးလုပ်ဆောင်မှုဖြစ်သလို ဒီလိုမတည်ငြိမ်သရွေ့တော့ ကမ္ဘာကမြင်ချင်တဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့ခက်ပါတယ်။ အခက်တကာ့အခက်ဆုံးကတော့ လက်နက်ကိုင်ထားသူတွေအဖို့ အသက်ရှုချောင်မှုဟာ ဒီလိုမတည်မငြိမ်ဆက်ဖြစ်နေမှ စားပေါက်ချောင်မှာဆိုတာကို ပြည်သူတချို့က သဘောမပေါက်ဖြစ်နေတာပါ။ တစ်ဖက်နဲ့တစ်ဖက်အမြစ်ဖြုတ်မတိုက်ဘဲ ပြည်သူက ကြားက ဓားစာခံဖြစ်နေရရင် ဒီလိုတိုက်ပွဲမျိုးဟာ တရားမျှတတဲ့တိုက်ပွဲမဟုတ်တော့ဘဲ “ဓားမနဲ့ အဓမ္မ”တိုက်ပွဲအသွင်ဆောင်လာမှာပါ။ ဒီလိုအခြေအနေမျိုးမှာ ပြည်သူ့အတွက် ဓမ္မဟာ ရွေးကောက်ပွဲဖြစ်မြောက်ပြီး တက်လာတဲ့ ရွေးကောက်ခံအရပ်သားအစိုးရက အာဏာရလာဖို့ပါ။ ရွေးကောက်ခံအစိုးရအာဏာရလာမှ နိုင်ငံတကာက တရားဝင်အစိုးရနဲ့ဆက်ဆံပြီး လက်နက်ကိုင်တွေထောက်ပံ့မှုရပ်သွားချိန်ကြမှ ပြည်သူတွေပြန်လိုချင်တဲ့ ငြိမ်းချမ်းတဲ့ဘဝကို အမြန်ဆုံးပြန်ရမှာဖြစ်ပြီး ပြည်သူတစ်ယောက်ကို တစ်မိနစ်လောက်နဲ့အလစ်အငိုက်သ-တ်ဖြတ်ပြတဲ့ NUG, PDF ကို ထောက်ခံနေသရွေ့တော့ မငြိမ်းချမ်းပါဘူးလို့ တင်ပြရင်းနဲ့ပဲ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *