၁. ၁၁. ၂၀၂၂

Written by Nay Moe

စစ်ကိုင်းတိုင်းမှ လုပ်ငန်းရှင်များနှင့် ဖြတ်သန်းသွားလာမည့် လုပ်ငန်းရှင်များအားလုံးကို အခွန်ကောက်မည်ဟု NUG က ယနေ့ ကြေညာသည်။

စစ်ကိုင်းမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် စစ်ကိုင်းမြို့နယ်အားဖြတ်သန်းသွားလာလုပ်ကိုင်ကြမည့်စီးပွားရေးလုပ်ငန်းရှင်များအားလုံး အတွက် NUG ၏ စစ်ကိုင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် စစ်ကိုင်းမြို့နယ်အား ရေကြောင်းလမ်း၊ ကားလမ်း၊ မီးရထားလမ်းအသုံးပြု၍ ဖြတ်သန်းသွားလာ အသုံးပြုကြမည့် စီးပွားရေးလုပ်ငန်းရှင်များအားလုံးအတွက် NUG ၏ စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကြားကာလ အခွန်ကောက်ခံရေးပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

သို့ဖြစ်ပါ၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ စီးပွားရေးလုပ်ငန်များ အပေါ်တွင်ကောက်ခံသည့် ကြိုတင်ခွန်၊ အခွန်အကောက်၊ ဒဏ်ကြေးလိုင်စင်ကြေးများကို ကြားကာလအခွန်ကောက်ခံရေးပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့တွင် ပေးဆောင်ကြပါရန်နှင့် မိမိတို့ ပေးဆောင်ရသော အခွန်အခများအတွက်လည်း ပြေစာစာရွက် ပြန်လည်တောင်းခံကြရန် NUG က အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *