၁၂.၈.၂၀၂၃
Written by Thuta Zaw

CNF နှင့် PDF အဖွဲ့များက ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ နယ်မြေခံတပ် ဌာနချုပ်သို့ နံနက်အစောပိုင်း နေမထွက်မီတွင် အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့သော်လည်း စနစ်တကျ ခုခံ တိုက်ခိုက်မှုကြောင့် အကျအဆုံးများစွာဖြင့် ပြန်လည် ဆုတ်ခွာသွားကြောင်း သတင်း ရရှိသည်။

ဖြစ်စဉ်မှာ ဖလမ်းမြိုရှိ နယ်မြေခံတပ်ရင်းဌာနချုပ်အား CNF အဖွဲ့နှင့် PDF များက ယနေ့ ဩဂုတ်လ ၁၁ နံနက် ၂ နာရီ ၃၀ မိနစ်မှစ၍ လက်နက်ကြီး၊ လက်နက်ငယ်များအသုံးပြုကာ နေရာ ၄ နေရာခွဲ၍ အလစ်အငိုက်ချဉ်းကပ်ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခဲ့သော်လည်း တပ်ရင်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ ရဲမေများအနေဖြင့် တပ်ရင်းလုံခြုံရေးအတွက် အသင့်စုဖွဲ့ထားရှိပြီး လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိမှုနှင့် ချက်ချင်းတုံ့ပြန်ပစ်ခတ်နိုင်မှုကြောင့် တပ်ရင်းဌာနချုပ်အား သိမ်းပိုက်နိုင်ခြင်းမရှိဘဲ နံနက် ၃ နာရီခန့်တွင် အကျအဆုံးများစွာဖြင့် တပ်ရင်းဌာနချုပ်၏ အနောက်တောင်ဘက်သို့ ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ တပ်ရင်းဌာနချုပ်နေရာသို့ စစ်ကူစစ်ကြောင်းများမှလည်း အချိန်မီရောက်ရှိလာပြီး ရန်သူဆုတ်ခွာရာနောက်သို့ လိုက်လံရှင်းလင်းနေကာ  ဖြစ်စဉ်တွင် အလောင်းများနှင့် လက်နက်ခဲယမ်း၊ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး မိမိဘက်မှ အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *