MT News

Written by Nay Moe

လက်ပံတန်းမှ 152 KTV ဆိုင်ပိုင်ရှင်က ဝန်ထမ်းအမျိုးသမီးအား မူးယစ်သတ်ဖြတ်ကာ အလောင်းဖျောက်မှုဖြစ်စဥ်မှ ကြံရာပါတရားခံများပါ ဖမ်းမိခဲ့သည်။

ဖြစ်စဥ်မှာ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ ညောင်နီကုန်းကျေးရွာအနီး၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးလျက်ရှိသည့် အမျိုးသမီးတစ်ဦး၏အလောင်းအား တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါသေဆုံးနေသည့်အမျိုးသမီးမှာ လက်ပံတန်းမြို့၊ မအူကုန်းရပ်ကွက်၊ ကံကြီးလမ်းရှိ 152 KTV ဆိုင်မှ ဝန်ထမ်း မနွယ်နီ(ခ)ယိမ်း ဖြစ်ကြောင်းသိရှိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြစ်မှုကျူးလွန်ခဲ့သည့် တရားခံများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၂၉ ရက်တွင် လက်ပံတန်းမြို့၊ မအူကုန်းရပ်ကွက်သုဝဏ္ဏလမ်းနေ 152 KTV ဆိုင်နှင့် ရွှေလက်ရာ စားသောက်ဆိုင်ပိုင်ရှင် မြတ်မင်းပိုင်(ခ)ဝင်းထွဋ်အောင်အား Sig Sauer ပစ္စတို ၁ လက်၊ ခြောက်လုံးပြူးလေသေနတ် ၁ လက်ကျည်မျိုးစုံ ၂၂၁ တောင့်၊ စကားပြောစက် ၁၆ လုံး၊ လက်ကိုင်ဖုန်း ၇ လုံးမော်တော်ယာဉ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းပိုင်ဆိုင်သည့် မင်းရပ်ရပ်ကွက်အမှတ်(၃)လမ်းရှိ ရွှေလက်ရာစားသောက်ဆိုင်မှ လက်ပစ်ဗုံး ၈ လုံး၊ မှန်ပြောင်း ၁ ခု၊ စကားပြောစက် ၆ လုံး၊ လက်ထိပ် ၁ ခုတို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ မြတ်မင်းပိုင်(ခ)ဝင်းထွဋ်အောင်၏ ဖော်ထုတ်ချက်အရ ၎င်းနှင့်အတူပြစ်မှုကျုးလွန်ခဲ့သည့် သက်ထွန်းအောင်(ခ)အောင်လေး၊သူရဦး၊ နေလင်းအောင်နှင့် စန်းမင်းအောင်တို့အား အောက်တိုဘာလ ၃၀ ရက် ညနေပိုင်းတွင် လက်ပံတန်းမြို့၊ မအူကုန်းရပ်ကွက်ကံကြီးလမ်းရှိ 152 KTV ဆိုင်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်ခဲ့သည့် တရားခံ ကျား ၅ ဦးအား Sig Sauer ပစ္စတို ၁ လက်ခြောက်လုံးပြူးလေသေနတ် ၁ လက်ကျည်မျိုးစုံ ၂၂၁ တောင့်၊ လက်ပစ်ဗုံး ၈ လုံးမှန်ပြောင်း ၁ ခုစကားပြောစက် ၂၂ လုံး၊ လက်ထိပ် ၁ ခု၊ လက်ကိုင် ဖုန်း ၇ လုံး၊ မော်တော်ယာဉ် ၁ စီး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ မြတ်မင်းပိုင်(ခ)ဝင်းထွဋ်အောင်သည် NLD ပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် လက်ပံတန်း မြို့နယ်၌ NLD ပါတီအောင်နိုင်ရေးအတွက် ဦးဆောင်စည်းရုံးဆောင်ရွက်ခဲ့သူတစ်ဦး ဖြစ်ကြောင်း၊ NLD အစိုးရကာလ ၂၀၁၆ ခုနှစ်တွင် လက်ပံတန်းမြို့ ၌ 152. KTV ဆိုင်အား တရားမဝင်ဖွင့်လှစ်၍ရရှိသော ငွေကြေးအကျိုးအမြတ်များအား လက်ပံတန်းမြို့နယ် NLD ပါတီအတွက် ထောက်ပံ့ပေးခြင်းနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီအောင်နိုင်ရေးအတွက် ထောက်ပံ့ပေးမှုများဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ထွက်ဆိုချက်အရ တရားခံ မြတ်မင်းပိုင်(ခ)ဝင်းထွဋ်အောင် သည် ၎င်းပိုင်ဆိုင်သည့် 152 KTV ဆိုင်၌ နေ့စဉ်အရက်သေစာ သောက်စားကာ မူးယစ်လာပါက ဆိုင်ရှိ အမျိုးသမီးဝန်ထမ်းများအားခေါ်ယူ၍ နည်းမျိုးစုံဖြင့် နှိပ်စက် ညှင်းပန်းလေ့ရှိပြီး အခြားသူများအားပြောကြားပါက သတ်ပစ်မည်ဟု အမြဲခြိမ်းခြောက် ပြောဆိုလျက်ရှိကြောင်း၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၆ ရက် ညပိုင်းတွင် တရားခံ မြတ်မင်းပိုင်(ခ)ဝင်းထွဋ်အောင်သည် 152 KTV ဆိုင်ရှိ သီးသန့်အခန်း၌ အရက်သေစာသောက်စားကာ ဆိုင်ဝန်ထမ်း မနွယ်နီ(ခ)ယိမ်း၏ ဦးခေါင်းပေါ်တွင် ရေသန့်ဗူးတင်၍ ပစ္စတိုဖြင့်ပစ်ခတ်ခဲ့ရာ မနွယ်နီ(ခ)ယိမ်း၏ ဝဲဘက်နားထင်အား ကျည်ထိမှန်ခဲ့ကြောင်း၊ မနွယ်နီ(ခ)ယိမ်းသည် သွေးအိုင်ထဲ၌လဲ၍ သတိလစ်မေ့မျောနေစဉ် သေဆုံးပြီဟုယူဆ၍ အလောင်းအားဖျောက်ဖျက်ရန် 152 KTV ဆိုင်မှ ဝန်ထမ်းများဖြစ်သော သက်ထွန်းအောင်(ခ) အောင်လေး၊ သူရဦး၊ နေလင်းအောင်တို့နှင့်အတူ ၎င်းပိုင်ဆိုင်သည့် လင်ခရူဇာ(အဖြူရောင်) ယာဉ်အမှတ်၊ YGN 7G/8887 ပေါ်သို့တင်ဆောင်၍ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ ညောင်နီကုန်း ကျေးရွာဘက်သို့ထွက်ခွာခဲ့ကြောင်း152 KTV ဆိုင်မှ ဝန်ထမ်း စန်းမင်းအောင်သည် လူသတ်မှုကျူးလွန်ခဲ့သည့် သဲလွန်စများအားမကျန်စေရန် ဖျောက်ဖျက်လုပ်ဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

တရားခံ မြတ်မင်းပိုင်(ခ)ဝင်းထွဋ်အောင် အပါအဝင် ၄ ဦးသည် ညောင်နီကုန်း ကျေးရွာအနီးသို့ အောက်တိုဘာလ ၂၆ ရက် နံနက် ၀၄၀၀ နာရီခန့်တွင် ရောက်ရှိခဲ့ပြီး အလောင်းအားဖျောက်ဖျက်ရန် လုပ်ဆောင်နေစဉ် မနွယ်နီ(ခ)ယိမ်းမှာ ပြန်လည်သတိရ လာသဖြင့် သက်ထွန်းအောင်(ခ)အောင်လေးမှ အသင့်ပါလာသော ပစ္စတိုဖြင့် ဦးခေါင်းအား ထပ်မံပစ်ခတ်သတ်ဖြတ်ခဲ့ပြီး အလောင်းအား ရန်ကုန် – ပြည်ကားလမ်း မိုင်တိုင်အမှတ်၊ ၉၄/၆ နှင့် ၉၄/၇ အကြား ချုံပုတ်အတွင်း၌ ဝှက်ထားခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

သို့ဖြစ်၍ အပြစ်မဲ့ပြည်သူတစ်ဦးအား အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *