၁၂. ၈. ၂၀၂၃
Written by Nyein Kyaw

ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် (၈၁၆’x၂၃၇’) ငါးထပ် RC သီရိမင်္ဂလာဈေးအဆောက်အအုံဟောင်းအား ဖြိုဖျက်ရောင်းချမည်ဖြစ်၍ ဆောင်ရွက်လိုသူ လူပုဂ္ဂိုလ်/ အဖွဲ့အစည်း/ ကုမ္ပဏီများအား တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (တင်ဒါကော်မတီ)မှ ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် အသိပေးကြေညာထားသည်။

တင်ဒါပုံစံများကို ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်းရှိ ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီ ၁၂ ထပ်ခွဲရုံး၏ ရှစ်လွှာရှိ အင်ဂျင်နီယာဌာန(အဆောက်အအုံ)တွင် ဩဂုတ်လ ၂၁ ရက်မှ ၃၀ ရက်အထိ လာရောက်ဝယ်ယူနိုင်ပြီး စက်တင်ဘာ ၁ ရက်နေ့တွင် လျှောက်လွှာဝယ်ယူခဲ့သည့် ရုံးဌာန၌ပင် တင်ဒါ်များတင်သွင်းရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

တင်ဒါပွဲကျင်းပမည့်နေ့ရက်အား ကြိုတင်အသိပေးအကြောင်းကြားမည်ဖြစ်ပြီး မြေပြင်အခြေအနေများ သိရှိလိုပါက အင်ဂျင်နီယာဌာန(အဆောက်အအုံ)၊ ဖုန်းနံပါတ် ၀၉-၈၉၁၈၀၃၀၆၉ သို့ စုံစမ်းမေးမြန်း၍ ရုံးချိန်အတွင်း သွားရောက်ကြည့်ရှုနိုင်ကြောင်း ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *