၁၁. ၈. ၂၀၂၃
Written by Ye Kyaw

ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ဒီဇယ်တစ်လီတာ ကျပ် ၂,၆၀၀ နှင့် ဓာတ်ဆီတစ်လီတာ ကျပ် ၂,၄၀၀ ကျော်သို့ ရောက်ရှိလာပြီး တစ်ပတ်အတွင်း ဓာတ်ဆီတစ်လီတာ ကျပ် ၁၈၀ နှင့် ဒီဇယ်တစ်လီတာ ၁၀၀ ကျပ်အထိ မြင့်တက်ခဲ့ကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၄ ရက်တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂,၁၂၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ကျပ် ၂,၂၄၀၊ ဒီဇယ်ရိုးရိုး တစ်လီတာ ၂,၄၀၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂,၄၇၅ ကျပ်သာရှိခဲ့သည့် ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများသည် ဩဂုတ်လ ၁၁ ရက် (ယနေ့)တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ၂,၃၁၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ကျပ် ၂,၄၂၀၊ ဒီဇယ်ရိုးရိုး တစ်လီတာ ၂,၅၀၀ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၂,၅၇၅ ကျပ်အထိ မြင့်တက်ခဲ့ကြောင်း ပြည်တွင်းစက်သုံးဆီအရောင်းဆိုင်များမှ သိရသည်။

တစ်ပတ်အတွင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်း ဓာတ်ဆီ ၉၂ တစ်လီတာ ၁၈၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၁၈၀ ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာ ၁၀၀ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ ၁၀၀ ကျပ်ဖြင့် အသီးသီးထပ်မံမြင့်တက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ဒီဇယ်အမျိုးအစားများသည် လေးရာခိုင်နှုန်းဝန်းကျင်နှင့် ဓာတ်ဆီအမျိုးအစားများသည် ရှစ်ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၄ ရက်တွင် ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၂,၅၀၀ အထိ မြင့်တက်ခဲ့သည့်အတွက် ဇူလိုင်လ တတိယအပတ်နှင့် နှိုင်းယှဉ်ပါက နှစ်ပတ်အတွင်း ဒီဇယ်တစ်လီတာကို ၁၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဩဂုတ်လ ၁၁ ရက် (ယနေ့)တွင်လည်း အဆိုပါအမြင့်ဈေးနှုန်းထက်ပင် လေးရာခိုင်နှုန်းကျော် ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *