ဆန်ကုန်စည်ဒိုင်များမှ ဆန်ရောင်းပေးမှုနှင့် ပြည်သူ့ရင်ပြင်တွင် ဆန်နှင့် ဆီများ ရောင်းပေးခဲ့မှုကို တွေ့ရစဉ်

MT News

Written by Ye Kyaw

မနက်ဖြန်မှစတင်ပြီး ပြည်သူ့ရင်ပြင်၌ ဧည့်မထဆန် တစ်ပြည် ၂,၅၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း တစ်ပြည် ၄,၀၀၀ ကျပ်နှင့် စားဆီ(၁)ပိဿာ ၄,၄၀၀ ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ဆန် (၅)ပြည်နှင့် ဆီ(၁)ပိဿာကို အကန့်သတ်မရှိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ယနေ့တွင် ကြေညာထားသည်။

ပြည်သူ့ရင်ပြင်၌ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၁)ရက်နေ့ နံနက် (၉) နာရီမှစတင်ပြီး ဧည့်မထ တစ်ပြည်ကို ၂,၅၀၀ ကျပ်နှုန်း၊ ဧရာ၀တီပေါ်ဆန်း တစ်ပြည်ကို ၄,၀၀၀ ကျပ်နှုန်း၊ စားအုန်းဆီတစ်ပိဿာ ထည့်စရာဘူးပါလျှင် ၄,၄၀၀ ကျပ်နှုန်း၊ ထည့်စရာဘူးမပါလျှင် ၅,၄၀၀ ကျပ်နှုန်း၊ လူတစ်ဦးလျှင် ဆန် (၅) ပြည်၊ ဆီ (၁) ပိဿာနှုန်းဖြင့် တစ်ရက်လျှင် ဆန်အကန့်အသတ်မရှိပမာဏနှင့်ဆီ ပိဿာချိန် ၁၀၀၀ ရောင်းချပေးမည်ဖြစ်ရာမည်သူမဆို လွတ်လပ်စွာ လာရောက်ဝယ်ယူ အားပေးနိုင်ပါကြောင်း အသိပေးကြေညာထားသည်။

ပြီးခဲ့သည့် ဩဂုတ် ၄ ရက်မှ ၆ ရက်အထိ သုံးရက်တိုင်တိုင် ပြည်သူ့ရင်ပြင်၌ မိုးရာသီဈေးရောင်းပွဲတော် ကျင်းပခဲ့ပြီး ဆန်နှင့် စားသုံးဆီများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည့်အပြင် ဩဂုတ်လ ၇ ရက်မှ စတင်ပြီး ဝါးတန်းဆန်ကုန်ဆည်ဒိုင်နှင့် ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်နှစ်ခုမှတစ်ဆင့် ရွှေဘိုပေါ်ဆန်းမွှေးဆန် (၁၀၈) ပေါင် တစ်အိတ် ကျပ် ၁၁၀,၀၀၀ မှ ကျပ် ၁၂၀,၀၀၀ ကြား၊ ဧရာဝတီပေါ်ဆန်းမွှေးဆန် (၁၀၈) ပေါင်တစ်အိတ် ကျပ် ၉၄,၀၀၀ မှ ကျပ် ၉၇,၀၀၀ ကြား၊ ဧည့်မထ (၁၀ %) (၁၀၈) ပေါင် တစ်အိတ် ကျပ် ၆၅,၀၀၀၊ ဧည့်မထ (၂၅%) (၁၀၈) ပေါင် တစ်အိတ် ကျပ် ၆၀,၀၀၀ ဖြင့် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *