March 29, 2024

MT News

Written By A Thaung

ကမ္ဘာ့ကပ်ရောဂါဆိုးကြောင့် မော်တော်ကားထုတ်လုပ်မှုနှင့် ရောင်းချမှုများကျဆင်းသွားခဲ့ရာမှ ယခုနှစ်တွင် ပြန်လည်ဦးမော့လာခဲ့ကာ Nissan ကားထုတ်လုပ်မှု ယခင်နှစ်ထက် ၁ ဒသမ ၆ ရာခိုင်နှုန်းတိုးလာကြောင်း သိရသည်။

ယခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လတာကားထုတ်လုပ်မှုတွင် ဂျပန်ပြည်တွင်းကားထုတ်လုပ်မှုကျဆင်းခဲ့သော်လည်း ပြည်ပနိုင်ငံရှိစက်ရုံများတွင် ထုတ်လုပ်မှုမြင့်မားခဲ့ကြောင်း Nissan Motor Corporation က အောက်တိုဘာ ၂၈ ရက်တွင် တရားဝင်သတင်းထုတ်ပြန် ကြေညာခဲ့သည်။

ယခင်နှစ်များထက် ထုတ်လုပ်မှုကုန်ကျစရိတ် ၁၉ ဒသမ ၄ ရာခိုင်နှုန်းသက်သာခဲ့ပြီး ဂျပန်ပြင်ပရှိနိုင်ငံများတွင် ၁၄ ဒသမ ၉ ရာခိုင်နှုန်းပိုထုတ်လာနိုင်ခဲ့ကြောင်း အဆိုပါကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ကားထုတ်လုပ်မှုတိုးပြီး ကုန်ကျစရိတ်သက်သာလာသော်လည်း ကမ္ဘာ့ဈေးကွက်တွင် ယခင်နှစ်များထက် ရောင်းအား ၁၀ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းလာခဲ့သည်။

ဂျပန်ပြည်တွင်းဈေးကွက်တွင် အသေးစားယာဉ်များသာ ရောင်းအားကောင်းခဲ့ပြီး ဂျပန်ပြင်ပဈေးကွက်တွင် ယခင်နှစ်ကထက် ၂၀ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

မော်တော်ဆိုင်ကယ်ထုတ်လုပ်မှုလည်း တိုးတက်လာပြီး ဂျပန်ပြည်တွင်းဈေးကွက်တွင် ယခင်နှစ်များထက် ၁၁ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်လာကာ ဂျပန်ပြင်ပဈေးကွက်တွင် ၂၃ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *