April 23, 2024

MT News

Written by Tha Doe

အခေါက်ရွှေတစ်ကျပ်သား ၂၆၇၀၀၀၀ ခန့်ရှိနေသည့် ယနေ့ရွှေစျေးကွက်အတွင်း၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဆိုင်များအနေဖြင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၅၃၀၀၀၀ ကျပ်သာ ရောင်းချပါရန် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ယမန်နေ့တွင် ပန်ကြားချက်ထုတ်ပြန်လာသည်။

ရွှေတစ်ကျပ်သား ၂၇ နှင့်အထက်ရောင်းချပါက စစ်ဆေးဖမ်းဆီးမှုရှိသည်ဟု အောက်တိုဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် သတင်းများထွက်လာပြီးနောက် YGEA က အဆိုပါ ပန်ကြားချက်ထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။

ဩဂုတ် ၃၁ ရက်က အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၈ သိန်းအထိ မြင့်တက်ခဲ့ပြီးနောက် ရွှေစျေးလျှော့ချ ထိန်းချုပ်နိုင်ရန် နည်းမျိုးစုံဖြင့် ကြိုးစားမှုများရှိခဲ့ပြီးနောက် ရွှေစျေးမှာ ကျပ် ၂၂၅၀၀၀၀ ခန့်အထိ ပြန်လည်ကျဆင်းခဲ့သော်လည်း ပြန်လည်မြင့်တက်လာခဲ့ပြီး ယနေ့တွင် ရွှေတစ်ကျပ်သား ၂၆၇၀၀၀၀ ခန့်ရှိသဖြင့် YGEA ၏ ပန်ကြားချက်မှာ တစ်ကျပ်သား ၁၄၀၀၀၀ ခန့် လျှော့ချရောင်းခိုင်းသည့် ပမာဏလည်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *