သီတာအောင်သစ်ခွခြံအား လုယက်ခဲ့မှုမြင်ကွင်း

MT News

Written by Tha Doe

နေပြည်တော်ရှိ သီတာအောင်သစ်ခွခြံအား နေ့ခင်းကြောင်တောင် ဓားထောက်လုယက်သူနှစ်ဦးနှင့် ကြံရာပါ နှစ်ဦးအား ဖမ်းမိခဲ့ကြောင်း သီတာအောင်သစ်ခွခြံမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

ဖြစ်စဥ်မှာ အောက်တိုဘာ ၂၇ ရက် နေ့လယ် ၃ နာရီ ၅ မိနစ်ခန့်အချိန်တွင် နေပြည်တော် ပျဥ်းမနား အာဟာရသုခစျေးလမ်းရှိ သီတာအောင်သစ်ခွခြံသို့ အမျိုးသားနှစ်ဦးဝင်ရောက်လာပြီး သစ်ခွဝယ်ယူဟန်ဆောင်ကာ ဆိုင်အတွင်းမှ စျေးရောင်းသည့်အမျိုးသမီးအား ဆံပင်ဆွဲကာ ဓားထောက်၍ ဆွဲကြိုးဖြုတ်ယူပြီးနောက် ဖုန်းနှစ်လုံးကိုပါ လုယက်သွားခဲ့သည်။

ထို့နောက် လုယက်သူများမှာ CCTV တွင် ထင်ရှားစွာပေါ်လွင်နေသဖြင့် တာဝန်ရှိသူများက လိုက်လံစုံစမ်းဖော်ထုတ်ရာ အောက်တိုဘာ ၂၉ ရက်ညတွင် တရားခံများနှင့် ကြံရာပါများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“မနေ့ညက ဖမ်းမိတာ။ တရားခံက နှစ်ယောက်၊ ကြံရာပါက နှစ်ယောက်။ စုစုပေါင်း လေးယောက်မှာ အမျိုးသမီးတစ်ယောက်ပါတယ်။ လုယက်ခံရတဲ့ ဖုန်းနဲ့ ဆွဲကြိုး ပစ္စည်းတွေက အကုန်ပြန်ရပါတယ်” ဟု သီတာအောင်သစ်ခွခြံမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *