November 1, 2024

၁. ၈. ၂၀၂၃
Written by Min Mahar

မြင်းခြံမြို့နယ်တွင် နေ့အိမ်၌ရှိနေသော ကျောင်းစောင့်နှင့်တူမဖြစ်သူတို့အား PDF ငါးဦးက ဖမ်းဆီးခေါ်ဆောင်သွားကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့်အပြင် ဓားနှင့်ပါထိုးသတ်သွားမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ သင်ပြွန်းကျေးရွာတွင် နေထိုင်ကြသည့် ကျေးရွာအထက(ခွဲ)၌ ကျောင်းစောင့်လုပ်ကိုင်နေသူ အသက် ၄၀ နှစ်အရွယ်အမျိုးသားနှင့် အသက် ၃၀ နှစ်အရွယ် တူမဖြစ်သူတို့နှစ်ဦးသည် ဇူလိုင်လ ၃၀ ရက် ညနေ ၆ နာရီခန့်က နေအိမ်တွင်ရှိနေစဉ် ကျေးရွာ၏ အနောက်ဘက်မှ PDF အဖွဲ့ဝင် လူငယ် ၅ ဦးခန့်သည် ဆိုင်ကယ် ၃ စီးဖြင့်ရောက်လာပြီး ၎င်းတို့နှစ်ဦးအားဖမ်းဆီးခေါ်ဆောင်သွားသဖြင့် ကျေးရွာသူ၊ ရွာသားများမှ လိုက်လံရှာဖွေခဲ့ရာ ယမန်နေ့ (ဇူလိုင်လ ၃၁ ရက်နေ့) မနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် သင်ပြွန်းကျေးရွာနှင့် ကျီးပင်ကန်ကျေးရွာသွားလမ်းဘေး၌ အသတ်ခံထားရသည့် ၎င်းတို့နှစ်ဦး၏အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါအသတ်ခံထားရသည့် ဦးလေးနှင့်တူမဖြစ်သူတို့နှစ်ဦးသည် သေနတ်ဖြင့်ပစ်ခတ်ခံထားရသောဒဏ်ရာများအပြင် ဓားနှင့်ပါ ထိုးသတ်ခံထားရသောဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သောကြောင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မြင်းခြံခရိုင် ပြည်သူ့ဆေးရုံသို့ အလောင်းများအား ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ဖြစ်စဉ်နေရာအနီးမှလည်း 9 mm LUGER ကျည်ခွံ ၁ ခုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့သဖြင့် သိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *