လူမှုကွန်ရက်တွင် စတင်ပျံ့နှံ့သည့် တစ်ရွက်တည်းသော ကျပ် ၂၀၀၀၀ တန် ငွေစက္ကူမြင်ကွင်း။
အထိမ်းအမှတ်အဖြစ် အကန့်အသတ်ဖြင့် ယနေ့ ထုတ်ဝေသည့် ကျပ် ၂၀၀၀၀ တန် ငွေစက္ကူ လူထုအကြား မြင်တွေ့ရန် ခက်ခဲ
MT News
ကျပ် ၂၀၀၀၀ တန် ငွေစက္ကူကို အများအပြားရိုက်ထုတ်မှာလို့ မြန်မာနိုင်ငံအလုံးစုံပျက်သုဥ်းစေချက်သူတွေက ရေးသားပေမဲ့လည်း ဒီနေ့စတင်ထုတ်ဝေတဲ့ ကျပ် ၂၀၀၀၀ တန်က ဒီစာအပြီးသတ်ချိန် ည ၁၁ နာရီအထိ လူထုကြားမှာမတွေ့ရပါဘူး။
MT News သတင်းဋ္ဌာနရဲ့ စုံစမ်းချက်အရ ကျပ် ၂၀၀၀၀ တန် ငွေစက္ကူဟာ လူထုကြားမဖြန့်ထားဘဲ အနည်းအကျဥ်းကို အစုတ်အပြဲငွေစက္ကူနဲ့ပဲ လဲပေးမှာဖြစ်လို့ အဲဒီလိုလဲပေးဖို့ကို ငွေစက္ကူအစုတ် သိန်း ၃၀ ပေးမှ ၂၀၀၀၀ တန် တစ်ရွက်ပဲရမယ်လို့ပြောတဲ့အထိ ကန့်သတ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုင်ငံ့ဝန်ထမ်း ၉ သိန်းခန့်ကို လစာပေးရာမှာလည်း တစ်ဦးတစ်ယောက်ကမှ လစာငွေထဲကနေ ကျပ် ၂၀၀၀၀ တန်မရခဲ့ဘူးလို့လည်း #mtnews_fb_တခွင် က ကနဦး သိရပါတယ်။
အဲဒီလိုကန့်သတ်ထားပြီး စတင်ထုတ်ဝေရက်ကုန်လွန်ချိန်တစ်နာရီအထိ ကျပ် ၂၀၀၀၀ တန်ငွေစက္ကူတစ်ရွက်ပဲ MT News က တွေ့ခဲ့ရလို့ ဗဟိုဘဏ်ကတာဝန်ရှိသူတစ်ဦးကို ကျပ် ၂၀၀၀၀ တန် ငွေစက္ကူတစ်ရွက်ရဖို့ ငွေစက္ကူအစုတ် သိန်း ၃၀ နဲ့လဲရမယ်ဆိုတာ တကယ်ပါလား မေးမြန်းထားပါတယ်။
သေချာတာကတော့ ကျပ် ၂၀၀၀၀ တန် ငွေစက္ကူဟာ NLD အစိုးရဟောင်းတုန်းက ဗိုလ်ချုပ်ပုံနဲ့ရိုက်ထားတဲ့ ကျပ် ၅၀၀ တန်၊ ၁၀၀၀ တန် ထက် ရှားပါးတော့မဲ့ Limited Edition ဆိုတာပါပဲ။
