၃၁.၇.၂၀၂၃
Written By Thandar

ချစ်ပရိသတ်ရှေ့က နှစ်အနည်းငယ်ပျောက်နေတဲ့ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ကတော့ ဇူလိုင် ၂၉ ရက်‌လေးက သူ့ရဲ့ ဇာတိမွေးမြေလေးဖြစ်တဲ့ တောင်ကြီးမြို့လေးကို အလည်သွားခဲ့တာလည်းဖြစ်ပါတယ်။

သူကတော့ ၂ နှစ်ကျော် နီးပါး ပရိသတ်ရှေ့က ပျောက်ချက်သားကောင်းနေတာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဇွန်လ ၆ ရက်နေ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးကို တက်ရောက်လာပြီး ပိတောက်ကတဲ့ဂီတ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုတွေကို သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။

တေးရေး တေးဆို စိုင်းစိုင်းခမ်းလှိုင်က မကြာခင်ရက်ပိုင်းက တောင်ကြီးမြို့က စူဠာမုဏိဘုရားကို သွားရောက်ဖူးမြှော်ခဲ့တာနဲ့ အမှတ်တရအနေနဲ့ ကားပေါ်မှာထိုင်နေတဲ့ ပုံလေးရိုက်ကူးပြီး Facebook ပေါ် တင်လိုက်တာလည်းဖြစ်ပါတယ်။

ဒီကားပေါ်ထိုင်နေတဲ့ Photo Post လေးတင်လိုက်ချိန်မှာ အသက်အရွယ်အလိုက် ချစ်ခင်အားပေးခဲ့ကြတဲ့ တီတီအရွယ်၊ မမအရွယ်နဲ့ ငယ်လေးလိုအရွယ်တွေအပြင် ကလေးအရွယ် ပရိသတ်တွေက “ခလေးရဲ့ ဦးဦး” ခေါ်ကြသလို “ခုမှအလွမ်းတွေ ပြေသွားတယ်”၊ “အခုမှပေါ်လာပေမဲ့ အချိန်တွေနောက်ကျသွားခဲ့ပြီ စိုင်းရယ် ဒို့တောင်လင်ရပြီး ဒို့သားလေး ၅ လ ပြည့်နေပြီ စိုင်းရဲ့ ” ဝမ်းနည်းနေသူလေးတွေ၊ “ရည်စားဦးကိုမေ့နိုင်ပေမဲ့အချစ်ဦးကိုဘယ်လိုမှမမေ့နိုင်ဘူး”၊ “အား ချစ်တယ် ကျန်တာတွေကို ဥပေက္ခာပြုနိုင်ပေမဲ့ ဦးကိုတော့ မလုပ်နိုင်ခဲ့ဘူး”၊ “တောင်ကြီးမှာ ၃ လနီးပါးနေခဲ့တာလေ စူဠာမုဏိဘုရားလည်း ညနေတိုင်းလိုလို သွားနေတာ တွေ့ရဖို့ အဲ့လိုပဲလွဲချော်နေခဲ့တာ တစ်ရပ်ကွက်ထဲမို့ အိမ်ရှေ့ကနေလဲအမြဲဖြတ်နေခဲ့တာ” ၊”တော်ပါသေးရဲ့ ငါ့အဘ ပြန်တွေ့ပြီ”၊ “၂ နှစ်ကျော် ၃ နှစ်နီးပါးဘယ်တွေ ပျောက်နေလို့ ခုမှပေါ်လာရတာလဲ။ ပျောက်တဲ့လက်စနဲ့ ခဏလောက်ပဲထပ်စောင့်ပေးပါအုံးနော်”၊ “ဘစိုင်းအကယ်ဒမီရပြီ ဆိုကတည်းက ဘစိုင်းရော မြန်မာ့ရုပ်ရှင်ရောကို ဘေးမဲ့ပေးပစ်လိုက်တာ”၊ “ထိုနေ့က ဆုံခဲ့ဖူးကြသည် မှတ်မိ‌တယ်ဆိုရင် Reply နော် “၊ “ဟဲဟိုးက​နေ ရန်ကုန်အထိ​လေယာဥ်တစ်စီးထဲ အတူတူစီးခဲ့ရတဲ့ ခံစားချက်က တစ်​လျှောက်လုံး ပါးစပ်ကိုမစိနိုင်ခဲ့တာ​နော် ချစ်တယ်စိုင်းစိုင်း​ရေ”၊ “Home Town လို့ ပြောချင်တာလား အိမ်ထောင်ဦးစီးဖြစ်ချင်ပြီလို့ပြောချင်တာလား”၊ “ဘယ်လောက်တောင်ချစ်တဲ့သူတွေ လွမ်းနေတဲ့သူတွေ များသလဲဆိုတာ Like and Heart သာကြည့်ပါတော့ ချစ်ဆုံးရယ်”၊ “အခုချိန်ထိအရွယ်တင်နေတဲ့ဘီးကျဲကြီး” လို့ ချစ်ရတဲ့ ပရိသတ်တွေက Comment တွေကတစ်ဆင့် ရင်ဖွင့်လာပါတယ်။

သူက ဂီတပိုင်းမှာလည်း ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ Frenzo Production တည်ထောင်ပြီး စီးပွားရေးအနေနဲ့လည်း အမျိုးသမီးတိုင်းအကြိုက်တွေ့စေမယ့် SAI Cosmetics တွေလည်း ထုတ်လုပ်ဖြန့်ချိနေလျှက်ရှိပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က အခုချိန်ထိ နုပျိုနေသလို ပရိသတ်ရဲ့အသည်းနှလုံးကိုလည်း အချိန်ကာလများစွာ သိမ်းပိုက်နိုင်ခဲ့တဲ့ သူဆိုလည်း မမှားပါဘူးနော်။ ဘယ်လိုအချိန်မှာ ပရိသတ်ရှေ့ကို ဘယ်လို အနုပညာလှုပ်ရှားမှုတွေနဲ့ ပြန်လည်ရောက်ရှိလာဦးမလဲဆိုတာ ပရိသတ်တွေစောင့်မျှော်ရဦးမှာဖြစ်ပါတယ်……။

Leave a Reply

Your email address will not be published. Required fields are marked *