၂၅. ၇. ၂၀၂၃
Written By Thandar

Rapper အဆိုတော်လေး ပြုံးမြသွယ် မွေးနေ့အမှတ်တရအနေနဲ့ သီချင်းသစ်လေး တစ်ပုဒ် ဇူလိုင် ၂၅ရက်နေ့ ညနေပိုင်းမှာ ပရိသတ်အတွက်လက်ဆောင်တင်ပေးမယ်လို့ ဆိုပါတယ်။

“ကျောင်းမှာ Project အနေနဲ့ လုပ်ထားတာကို ကိုယ်တိုင်ရေး ကိုယ်ပိုင်သံစဥ်လေး လုပ်ထားတယ်။ ညီမ သီချင်းသစ်လေး အကြောင်း ပရိသတ်ကို ကြိုမပြောချင်သေးပါဘူး ။ ကိုယ်တိုင်ရေး ကိုယ်တိုင် တီးခတ်ထားတဲ့ သီချင်းသစ်ပါ။ ခုညနေပိုင်းမှာ မွေးနေ့လက်ဆောင်အနေနဲ့ တင်ပေးမှာပါ။ ပရိသတ်ကို Surprise ဖြစ်စေချင်လို့ ကြိုမပြောတာပါ”လို့ အဆိုတော် ပြုံးမြသွယ်က ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-25_16-53-32-579x1024.jpg

မကြာခင်က YOU သီချင်းက ကိုယ်တိုင်ရေး၊ ကိုယ်တိုင်တီးပြီး For You သီချင်းလေးကိုလည်း ထွက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။ Berklee College of Music တက္ကသိုလ် ဒုတိယနှစ်တက်ပြီး ပညာသင်ကြားနေရင်းက မြန်မာပြည်ကို ခေတ္တပြန်လာတာလည်း ဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-07-25_16-53-31-2-1024x579.jpg

“ပြည်ပ သူငယ်ချင်းတွေနဲ့ ပေါင်းပြီးတော့ တရုတ်သီချင်းလည်း လုပ်ခဲ့ပါတယ်။ Featuring အပိုင်းမှာလည်း ကိုယ်ရေးပြီး ပါဝင်သီဆိုထားပါတယ်။ ကိုယ့်ဘာသာစကားမဟုတ်တော့ခက်ခဲတယ်။ ပုံမှန် မြန်မာလို အင်္ဂလိပ်လို ရေးတာထက် တရုတ်လိုရေးရတာ အမှားပါမှာကြောက်မိတယ်။ တရုတ်သီချင်းကို ဝေဖန်မခံရပဲ အောင်အောင်မြင်မြင် လုပ်တာခဲ့လို့ ကျေနပ်မိပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *