ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန် ဇူလိုင်လ ၂၃ ရက်က မဲပေးနေစဉ်။

၂၄.၇.၂၀၂၃
Translated by Htwe Ko Tun

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်၏ အာဏာရပါတီဖြစ်သော ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) က ဇူလိုင်လ ၂၃ ရက်တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့်အနိုင်ရခဲ့ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇူလိုင်လ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ရွေးကောက်ပွဲမဲရလဒ်များကို တရားဝင်မကြေညာရသေးသော်လည်း CPP ပြောရေးဆိုခွင့်ရှိသူ ဆုပ်အီဆန်းက ပါတီအနေဖြင့် ကြီးမားသော ရွေးကောက်ပွဲအောင်မြင်မှုရလဒ်တစ်ခု ထပ်မံရရှိခဲ့ကြောင်း ဇူလိုင်လ ၂၃ ရက် ညနေပိုင်း၌ပင်ပြောကြားခဲ့သည်။

၎င်းက “ကျွန်တော်တို့ပါတီက ရွေးကောက်ပွဲမှာ အပြတ်အသတ် ထပ်မံအနိုင်ရရှိလိုက်ပါပြီ။ ဒါပေမယ့် အမတ်နေရာ ဘယ် လောက်ရလဲတော့ ရေတွက်မှုမပြီးသေးဘူး။ ဒါက ပြည်သူတွေအနေနဲ့ CPP ရဲ့ခေါင်းဆောင်မှုကို လက်ခံယုံကြည်ကြတယ်ဆိုတာပြတာပါပဲ” ဟု ပြောခဲ့သည်။

ငါးနှစ်တစ်ကြိမ်ကျင်းပသော ကမ္ဘောဒီးယားနိုင်ငံ၏ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၁၈ ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး လွှတ်တော်၌အမတ်နေရာ ၁၂၅ နေရာအတွက် ယှဉ်ပြိုင်ခဲ့ကြသည်။ ရွေးကောက်ပွဲရလဒ်များကို ရွေးကောက်ပွဲကော်မရှင်က နိုင်ငံအနှံ့ရေတွက်ဆဲဖြစ်ပြီး တရားဝင်ရလဒ်ကြေညာချက်များကို ဩဂုတ်လ ၉ ရက်တွင် ကြေညာမည်ဟု သိရသည်။

Ref—–Khmer Times

Leave a Reply

Your email address will not be published. Required fields are marked *