MT News

Written By Thandar

Mahar Myanmar Beauty Pageant & Miracle Myanmar Model Agency တို့က ကြီးမှူးကျင်းပတဲ့ Mister & Miss & Mrs City Winner ရွေးချယ်ပွဲကို ဇူလိုင် ၂၂ ရက် ညနေပိုင်းက ရန်ကုန်မြို့က ရုပ်ရှင်အစည်းအရုံး (ဗဟို) ခန်းမမှာ ကျင်းပခဲ့ရာ Miss Mahar Myanmar Winner ဆုနဲ့ Title ဆု ၆ ဆုကို အလှမယ်ဂျူလိုင်က ရရှိခဲ့ပါတယ်။

“ရှမ်း ကရင်လူမျိုးစပ် တိုင်ရင်းသူလေးပါ။ ညီမက ပြိုင်ပွဲမှာဆုရမယ်လို့ တွေးမထားပါဘူး။ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်မယ်ဆိုတဲ့ စိတ်နဲ့ ယှဉ်ပြိုင်ခဲ့တာပါ။ Popular Choice Award ဆု ၊ Traditional Award ဆု ၊ Confirm Award ဆု Winner ဆု ၆ ဆု ရခဲ့ပါတယ်။ စိတ်ရော လူရောပင်ပန်းခဲ့ပါတယ်။ အချိန်တွေလည်း အများကြီးပေးခဲ့ပါတယ်။ မိဘက Supporting ပေးနိုင်တဲ့အထဲက မဟုတ်တော့ ခက်ခဲမှုတွေရှိပါတယ်။ တခြား International ပြိုင်ပွဲတွေကို ဆက်လက်ယှဉ်ပြိုင်သွားပါမယ်”လို့ Miss Mahar Myanmar Winner ဆုရှင် မဂျူလိုင်က MT News ကိုပြောပါတယ်။

အဆိုပါ ပြိုင်ပွဲမှာ အကဲဖြတ်ဒိုင်အနေနဲ့ လှနုထွန်း၊ မြတ်သစ္စာ ၊ မတူး၊ အကယ်ဒမီ အောင်ခိုင် စသူတွေ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး Mister & Miss & Mrs City Winner ကိုယ်စားပြုတွေက Round အသီးသီးနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။

Miss Miracle Myanmar 2023 City Winner အနေနဲ့ Sagaing City Winner ဆုကို ဇင်မာစိုး ၊ Popular Award ဆုကို သီရိရွှေစင် အပြင် Mrs Miracle Myanmar 2023 City Winner ဆုတွေအနေနဲ့ Shan State City Winner ဆုနဲ့ Title ဆုတွေကို မရွှေရတု ၊ Pathein City Winner ဆုကို နန်းနီနီအောင် စသူတွေ ဆွတ်ခူးခဲ့ကြပါတယ်။

” အမက အလှအပအတွက် အဓိက မဟုတ်ဘဲနဲ့ ကျန်းမာရေးအတွက်ရယ် ဒီပြိုင်ပွဲမှာ ကိုယ့်အသက်ထိပ်စီးမပြောင်းခင် Challenge လုပ်တဲ့သဘောနဲ့ပြိုင်တာပါ။ ဘဝမှတ်တိုင် အမှတ်တရအနေနဲ့ ပြိုင်တာဖြစ်ပါတယ်။ နောက် မြန်မာပြည်က သက်လတ်ပိုင်းအမျိုးသမီးတွေကိုယ်စား အသက် ၄၀ ကျော် ၅၀ တွေအတွက် Body, Beauty, Brain ဆိုတဲ့ လူတစ်ယောက်မှာရှိရမယ့်အချက်တွေကို လေ့လာလိုက်စားရမယ်ဆိုရင် အဓိကကျန်းမာရေးအတွက် စံပြအနေနဲ့ ရှေ့ထွက်ခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိ အမ ၄၈ နှစ်အရွယ်ရှိပါပြီ”လို့ Shan State City Winner ဆုနဲ့ Title ဆုရှင် မရွှေရတုက MT News ကိုပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *