MT News

Written by Nay Moe

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နိုင်ငံဝန်ထမ်းဖြစ်သော ဒုဦးစီးမှူး ဦးသိန်းဦးကို လောင်းလုံးမြို့နယ် PDF(LLPDF) က ယမန်နေ့တွင် ချောင်းမြောင်းပစ်ခတ်သ-တ်ဖြတ်လိုက်သည်။

ဇူလိုင်လ ၂၁ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လက်နက်မဲ့ ဒုဦးစီးမှူး ဦးသိန်းဦးကို လောင်းလုံးမြို့နယ် အောက်ပိုင်းလမ်းတစ်နေရာ၌ LLPDF မှ ပစ်ခတ်သ-တ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ဒုဦးစီးမှူးဦးသိန်းဦးသည် လောင်းလုံးမြို့နယ်အတွင်း လမ်းမများပေါ်တွင် ခရီးသွားပြည်သူများထံ စစ်ဆေး၊ ဆက်ကြေးတောင်းခံမှုများ၌ ပါဝင်နေခြင်း၊ ထားဝယ်-ရန်ကုန် ကားလမ်းရှိ မလွှဲတောင်ဂိတ်၌လည်း SAC တပ်ဖွဲ့ဝင်များနှင့်အတူ ဆက်ကြေးကောက်ခံနေခြင်းတို့​အား ရပ်တန့်ရန် သတိပေးထားသော်လည်း ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း LLPDF က အကြောင်းပြချက်ပေးသည်။

NUG ဩဇာခံ PDF များ၏ စွပ်စွဲသတ်ဖြတ်မှုများကြောင့် သံဃာများ၊ နိုင်ငံဝန်ထမ်းများ၊ ရပ်ကျေးများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ NLD ပါတီဝင်မဟုတ်သော အခြားပါတီဝင်များ ၆၁၀၀ အထက် သ-တ်ဖြတ်ခံထားရသည်။

Leave a Reply

Your email address will not be published. Required fields are marked *