MT News
၂၂. ၇. ၂၀၂၃

အွန်လိုင်းက ရောင်းချသူအားလုံး ခြောက်လအတွင်း မှတ်ပုံတင်ရမှာဖြစ်ပြီး မှတ်ပုံမတင်ဘဲ ရောင်းချရင် အရေးယူမယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်မှာ သတိပေးထားပါတယ်။

အွန်လိုင်းစနစ်က ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး အဆိုပါလုပ်ငန်းတွေနဲ့ပတ်သက်လို့ လိုအပ်သလိုဆောင်ရွက်ခွင့်ကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံ အပ်နှင်းကြောင်း အမိန့်ကြော်ငြာစာအမှတ် (၅/၂၀၂၃) ကို၂၀၂၃ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ ရက်စွဲနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့‌က ထုတ်ပြန်ခဲ့တာဖြစ်ပြီး တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နဲ့ လိုအပ်သလိုဆောင်ရွက်မှုတွေကိ​ု ချိုးဖောက်ရင် ထောင်ဒဏ် ခြောက်လကနေ သုံးနှစ်အထိ ချမှတ်ရမဲ့အပြင် ကျပ်ငါးသိန်းထက် မပိုတဲ့ဒဏ်ငွေကိုပါ ချမှတ်ခြင်းခံရမှာဖြစ်လို့ Online Shopping သမားတွေလိုက်နာရမဲ့ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်အပြည့်အစုံကို MT News သတင်းဌာနက ဖော်ပြပေးလိုက်ပါတယ်။

အွန်လိုင်းရှော့ပင်များ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ကနဦးသတင်း ဖတ်ရှုရန်

https://m.facebook.com/story.php?story_fbid=pfbid024iYvj8gWT9bLZgNKrhEyvyGeLYk662W6uAT1xbNWbMrWKnkHRqxjA9B9xFHFmAVhl&id=100093224516222&mibextid=Nif5oz

Leave a Reply

Your email address will not be published. Required fields are marked *