၂၁. ၇. ၂၀၂၃
Written by Pan Ei
အရင်တစ်ပတ်က အင်တာနက်ပေါ်မှာ လူပြောများခဲ့တဲ့ ချိစ်အချပ် ၂၀ ပါတဲ့ ဘာဂါကို ဆန်းသစ်တီထွင်ရောင်းချခဲ့တဲ့ ထိုင်းနိုင်ငံ Burger King ကနေ အခုတစ်ခါမှာလည်း အသားချစ်သူတွေအတွက် အသားပြား ၁၀၀ နဲ့ ဘာဂါကို ထပ်မံမိတ်ဆက်ခဲ့ပါတယ်။
စာသုံးသူတွေရဲ့ ဘာဂါကို အသားပြားများများနဲ့ လုပ်ပေးဖို့ တောင်းဆိုမှုကို တုံ့ပြန်တဲ့အနေနဲ့ “Real Meat Burger” လို့ အမည်ရတဲ့ မီနူးသစ်ကို Burger King က မိတ်ဆက်ခဲ့တာဖြစ်ပြီး အသားပြား အရေအတွက် ၃ ခု၊ ၄ ခု၊ ၁၀ ခု၊ အခု ၁၀၀ နဲ့ စသဖြင့် ဝယ်ယူနိုင်ပါတယ်။

အသားပြား ၃ ခုနဲ့ ဘာဂါကို ထိုင်းဘတ် ၃၉၉၊ အသားပြား ၄ ခုနဲ့ကို ထိုင်းဘတ် ၄၃၉ ဘတ်၊ အသားပြား ၁၀ ခုနဲ့ကို ၁,၀၃၉ ဘတ်နဲ့ အသားပြား ၁၀၀ နဲ့ ဆိုရင်တော့ ၁၀,၀၃၉ ဘတ် (မြန်မာငွေနဲ့ဆို ကျပ် ၉ သိန်းနီးပါး) ကျသင့်မှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ အစားအသောက်ဘလော့ဂါတွေကတော့ “Real Meat Burger” စိန်ခေါ်မှုကို လက်ခံဖို့ ဆုံးဖြတ်ခဲ့ကြပြီး ထိုင်းက နာမည်ကြီးအစားအစာ ဘလော့ဂါ Believe Me, I Already Ate က အသားပြား ၁၀၀ နဲ့ ဘာဂါကိုမှာယူခဲ့ပြီး စားဖို့အတွက် ဝိုင်းကိုင်ပေးဖို့ကို ဆိုင်က ဝန်ထမ်းတစ်ယောက်ရဲ့ အကူအညီကို ရယူခဲ့ရကာ စားဖို့အတွက်များလွန်းနေတာကြောင့် အသားတွေကို ဟင်းချက်ခဲ့တယ်လို့လည်း သူကမျှဝေခဲ့ပါတယ်။

“Real Meat Burger” ကို မီနူးထဲမှာ ဘယ်အချိန်ထိ ရနိုင်မလဲဆိုတာကို ထိုင်း Burger King က ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေမဲ့ ဝယ်ယူသူတွေက အမဲသားအစား ဝက်သားကိုလည်း တောင်းဆိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
Ref; Thaiger

