November 1, 2024

ဓာတ်ပုံ - သံဖြူဇရပ်မြို့၊ ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း

၁၇. ၇.၂၀၂၃
Written by Hey Mar

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက် (ကွက်သစ်)အနီး ရော်ဘာခြံအစပ်မှာ လာရောက်စွန့်ပစ်သွားတဲ့ နှစ်လသားအရွယ် ကလေးငယ်ကို မနေ့က ဇူလိုင်လ ၁၆ ရက်နေ့မှာ မော်လမြိုင်မြို့ရှိ မြဆည်းဆာဘိုးဘွားရိပ်သာနဲ့ မိဘမဲ့ဂေဟာကို သွားရောက်အပ်နှံခဲ့ရတယ်လို့ သံဖြူဇရပ်မြို့၊ ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းကနေ သိရပါတယ်။

စွန့်ပစ်ခံရတဲ့ ကလေးငယ်ဟာ ယောက်ျားလေးဖြစ်ပြီး သူ့ကို တွေ့ရှိခဲ့ပုံကို အဆိုပါပရဟိတအသင်းက”ဇူလိုင်လ ၁၄ ရက်နေ့ ည ၈ နာရီအချိန်လောက်က အောင်ဇေယျရပ်ကွက် (ကွက်သစ်)အနီးက ရော်ဘာခြံနဲ့ မလှမ်းမကမ်းမှာရှိတဲ့အိမ်က ကလေးငိုသံကြားရတဲ့အတွက် လိုက်ရှာကြည့်လို့ တွေ့တာပါ။ ကလေးကို ပုဆိုးပတ်ပြီး မြက်တောထဲမှာ ချသွားတာ” လို့ ပြောပြပါတယ်။

ကလေးကိုတွေ့ရှိတဲ့ အိမ်နဲ့ ရပ်ကွက်တွင်းနေထိုင်သူတွေက သက်ဆိုင်ရာတာဝန်ရှိသူတွေကို အကြောင်းကြားပြီး တာဝန်ရှိသူတွေရဲ့ လွှဲအပ်ညွှန်ကြားချက်နဲ့ သံဖြူဇရပ်မြို့၊ ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းကနေ ကလေးကိစ္စကို တာဝန်ယူဆောင်ရွက်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *